SINGTECH SGT – Z500T

Singtech-Z500T.jpg

အားသာချက်

ဖုန်းမှာ အသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေမှာ ကောင်းမွန်မှု ရှိနေတာ တွေ့ရပါတယ်။ အွန်လိုင်းအသုံးပြု စနစ်တွေမှာလည်း Google ရဲ့ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်တာ တွေ့ရတဲ့အပြင် Browser စနစ်မှာလည်း Mozilla နဲ့ Chrome ကိုထည့်သွင်း ပေးထားတာ တွေ့ရပါတယ်။

အားနည်းချက်

ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ဟာ နည်းပါတယ်။ ဖုန်းမှတ်ဉာဏ်ဟာ နည်းတဲ့အတွက် Micro SD Card ကိုတော့ အသုံးပြု ရပါလိမ့်မယ်။

ဒီဇီုင်း

ပုံစံဒီဇိုင်း ပိုင်းမှာတော့ ဒီဖုန်းဟာ လေးထောင့်ဆန်ဆန် ပုံစံမျိုးမဟုတ် ပါဘူး။ ထောင့်အနား လေးဖက်ဟာ ဝိုင်းပါတယ်။ ဖုန်းကိုယ်ထည်ရဲ့ ဘေးဘောင် ပတ်လမ်းကြောင်းဟာ သတ္တုကိုယ်ထည် ဖွဲ့စည်းမှုပုံစံမျိုးဖြစ်ပြီးနောက်ဘက် ကာဗာကတော့ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ ပလတ်စတစ် ကာဗာပါ။ အရွယ်အစား အနေနဲ့ကတော့ ဘေးတိုက်အကျယ် ၇.၂ စင်တီမီတာရှိပြီး အထက်အောက် အမြင့်ကတော့ ၁၄.၂ စင်တီမီတာ ရှိပါတယ်။ လက်နဲ့ကိုင်တွယ် အသုံးပြုဖို့အတွက် အဆင်ပြေတဲ့ ပုံမှန်အရွယ်အစား မျိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။  ထုထည်ကတော့ ၀.၉၆ စင်တီမီတာရှိပြီး ထုထည်က အနည်းငယ်ထူပြီး အလေးချိန်လည်း အနည်းငယ် ရှိပါတယ်။

ကွန်ရက်

GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်နှစ်ခုစလုံးမှာ အသုံးပြုနိုင်ပါတယ်။ Dual Sim ဖုန်းအမျိုး အစားဖြစ်ပြီး ရိုးရိုးပုံမှန် Sim ဖြစ်တဲ့ Mini Sim စနစ်ကို အသုံးပြုရမှာပါ။

မြင်ကွင်း

Screen မြင်ကွင်းအကျယ် ၅.၀ လက်မရှိပြီး IPS Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 854×480 Pixel ရှိပါတယ်။

နည်းပညာ

ကင်မရာ စနစ်ပိုင်းမှာတော့ ဓာတ်ပုံကို အသံနဲ့ရိုက်နိုင်မယ့် Voice Capture ဆိုတဲ့စနစ် ပါဝင်ပါတယ်။ ဒီစနစ်မှာ ပါဝင်တဲ့ Capture နဲ့ Cheese ဆိုတဲ့ စနစ်နှစ်ခုထဲက နှစ်သက်ရာ တစ်ခုကို ရွေးချယ်ထားပြီး ကိုယ်ရွေးချယ် ပေးထားတဲ့ အသံထွက်ကို ပါးစပ်ကနေ ပြောလိုက်ရုံနဲ့ ကင်မရာက အလိုအလျောက် ဓာတ်ပုံရိုက်ပေး နိုင်ပါတယ်။ အခြားနည်းပညာ အသစ်အဆန်းတွေကို အသုံးပြုထား တာမျိုးတော့ သိပ်မတွေ့ရပါဘူး။ ပုံမှန် Android OS ဖုန်းတွေလိုပဲ အသုံးပြုနိုင်ပါတယ်။ Browser စနစ်ပိုင်းနဲ့ Google ဝန်ဆောင်မှု အပိုင်းတွေကို ပြည့်ပြည့်စုံစုံ အသုံးပြု နိုင်ဖို့အတွက် ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ဖုန်းထဲမှာ ရှိနေတဲ့ ဖုန်းမှတ်ဉာဏ်ပိုင်းနဲ့ Memory Card တွေကို စစ်ဆေးခြင်း၊ ဖုန်းရဲ့ System ထဲမှာ Virus စစ်ဆေးခြင်း အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မယ့် Dr.Booster နဲ့ Dr.Safety စနစ်တွေကို ဖုန်းထဲမှာ တစ်ပါတည်း ထည့်သွင်းပေး ထားပါတယ်။

အသေးစိတ် ဖော်ပြချက်

CPU ကတော့ Quad-core  1.3GHz MTK6582 CPU ကို အသုံးပြု ထားတဲ့အတွက် ဖုန်းရဲ့လုပ်ဆောင်ချက် ပိုင်းတွေမှာ မြန်ဆန်ချောမွေ့မှုရှိနေပြီး ဂရပ်ဖစ် စနစ်အတွက်တော့ GPU ကိုသီးသန့် ထည့်သွင်း အသုံးပြုထားတာ မတွေ့ရပါဘူး။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 4GB ပါဝင်ပြီး RAM ကတော့ 512MB RAM ပါ။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြုဖို့အတွက် Micro SD Card 32 GB ထိထပ်တိုး အသုံးပြု နိုင်ပါတယ်။ OS ကတော့ Android OS Version 4.4 ကို အသုံးပြု ထားတာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက် ကင်မရာဟာ 5 Mega Pixel ရှိပြီး ရှေ့ကင်မရာကတော့ 0.3 Mega Pixel ရှိပါတယ်။ Bluetooth 3.0A2DP စနစ်နဲ့ USB 2.0 စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ Li-ion 1900 mAh ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ပထမဆုံး အနေနဲ့ ဒီဖုန်းရဲ့ဈေးနှုန်းဟာ ကျပ် ၉၅,၀၀၀ ဝန်းကျင်မှာပဲ ရှိနေတဲ့အတွက် တန်ဖိုးနည်း ဖုန်းအမျိုးအစား တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဖုန်းဟာဈေးနှုန်း သက်သာတဲ့ ဖုန်းအမျိုး အစားတစ်ခု ဖြစ်ပေမယ့် အသုံးပြုထားတဲ့ CPU ဟာ Quad-core CPU ဖြစ်ပြီး ကင်မရာစနစ်၊ အွန်လိုင်းအသုံးပြု စနစ်တွေမှာ ကောင်းမွန်ပြည့်စုံ နေတာတွေ့ရတဲ့အတွက် ဈေးနှုန်းနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင်တော့ သုံးပျော်တယ်လို့ ဆိုရမှာပါ။ ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ဟာ နည်းတဲ့အတွက် မှတ်ဉာဏ်များများ အသုံးပြုလိုရင်တော့ Micro SD Card ကိုထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဘက်ထရီက လည်း တာရှည်အသုံးခံတာ တွေ့ရပါတယ်။