Internet Journal ၏ မိုဘိုင်း Application Full Version ထွက်ရှိ

IJ.jpg

ပြည်တွင်းမှ ရေးသားထုတ်ဝေသည့် နည်းပညာ ဂျာနယ်တစ်ခု ဖြစ်သည့် Internet Journal ၏ မိုဘိုင်း Application ကို အခမဲ့ရယူ အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ ယခုထွက်ရှိသည့် Application အား Android OS စနစ်သုံး Device များတွင်သာ အသုံးပြုနိုင် ဦးမည်ဖြစ်ပြီး iOS အတွက် Application အား မကြာမီ ထပ်မံထုတ်လုပ် ဖြန့်ချိသွားမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါ Application ကို အိုင်တီ နည်းပညာသတင်း၊ မိုဘိုင်းသတင်း၊ ကွန်ပျူတာ နည်းပညာဆိုင်ရာ အကြောင်းအရာများနှင့် ကဏ္ဍမျိုးစုံ၊ ထုတ်ကုန်သစ် သတင်းများ၊  အီလက်ထရွန်းနစ် ထုတ်ကုန်နှင့် မိုဘိုင်းထုတ်ကုန် သတင်းများကို မိုဘိုင်းဖုန်းမှတဆင့် အလွယ်တကူ ဖတ်ရှုနိုင်စေရန် ရည်ရွယ် ထုတ်လုပ်ခြင်း ဖြစ်သည်။  

App တွင် Local, International Product, Article, App of the Day, Download, How To, Review စသည့် ကဏ္ဍများ ပါဝင်မည်ဖြစ်ပြီး နေ့စဉ်အသစ်လွှင့် တင်လိုက်သည့် ပြည်တွင်းနှင့် နိုင်ငံတကာမှ နည်းပညာသတင်း များကိုလည်း ဖတ်ရှုနိုင်မည် ဖြစ်သည်။

Internet Journal Application ကို Google PlayStore_ https://play.google.com/store/apps/details?id=com.informationmatrix.internetjournal မှ အခမဲ့ရယူ နိုင်မည်ဖြစ်ပြီး PlayStore မရှိသူများ အနေဖြင့် http://goo.gl/RW 6ITF တို့မှ ရယူနိုင်မည်ဖြစ်သည်။

Internet Journal မိုဘိုင်း Application Beta Version ကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စမ်းသပ်ထုတ် ဝေခဲ့ပြီး ယခုထွက်ရှိသည့် Internet Journal Application Version 2.0 မှာ Android OS စနစ်သုံး မိုဘိုင်း ဖုန်းနှင့် Tablet PC များတွင် အပြည့်အဝ အသုံးပြုနိုင်သည့် Full Version ဖြစ်ကြောင်း သိရသည်။