
Google သည် Android 4.3 ဗားရှင်းတွင် WebView component ဆိုင်ရာ ချို့ယွင်းချက်တစ်ခု တွေ့ရှိခဲ့သော်လည်း ပြင်ဆင်သွားမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပြဿနာကို Android လုံခြုံရေး အဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့ပြီး Google သို့ အသိပေးခဲ့သည်။ သို့ရာတွင် Google က Android 4.4 ဗားရှင်းရှေ့တွင် ထွက်ရှိခဲ့သော ဗားရှင်းများအတွက် ပြန်လည်ပြင် ဆင်မှုများကို ပြုလုပ်မပေးတော့ကြောင်း၊ ကုမ္ပဏီ အနေဖြင့် Android 4.4 ရှေ့တွင် ထွက်ရှိခဲ့သော ဗားရှင်းများ၏ ပြဿနာများကိုလည်း ဆောင်ရွက်ပေးသွားမည် မဟုတ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။ အဆိုပါ အားနည်းချက်ကို OEM (ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများ) များထံ အကြောင်းကြား ပေးသွားမည် ဖြစ်သော်လည်း ၎င်းချို့ယွင်းချက်ကိုမူ ပြင်ဆင်သွားမည် မဟုတ်ကြောင်း Google မှပြောကြားခဲ့သည်။ Android developer များက Android 4.4 ဗားရှင်းရှေ့တွင် ထွက်ရှိခဲ့သော ဗားရှင်းများကို ပြင်ဆင်မှုများ ပြုလုပ်ပေးမည် မဟုတ်သော်လည်း အကျိုးတူ စီးပွားဖက်များကို ၎င်းပြဿနာနှင့် ပတ်သက်၍ သတိပေးထားကြောင်း၊ အကယ်၍ ပြင်ဆင်မှုများကို အစီရင်ခံစာဖြင့် ထွက်ရှိလာခြင်း သို့မဟုတ် AOSP (Android Open Source Project) အတွင်း ပါဝင်လာပါက အကျိုးတူ စီးပွားဖက်များအား patch များ ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အဆိုပါ အားနည်းချက်သည် လုံခြုံရေးအရ စိုးရိမ်စရာ အကောင်းဆုံး အခြေအနေရှိပြီး ထိခိုက် ဆုံးရှုံးမှုများစွာ ဖြစ်နိုင်သည့် ချို့ယွင်းချက်ဖြစ်သည်။ ပုံမှန်လုပ်ငန်းစဉ်အရ Google အနေဖြင့် ၎င်း အားနည်းချက်ကို ပြင်ဆင်ပါက fix ကို develop ပြုလုပ်ကာ Android Open Source Project တစ်စိတ်တစ်ပိုင်းအဖြစ် ဖြန့်ချိပေးရမည် ဖြစ်သည်။ သို့သော်လည်း Google သည် ၎င်းကိစ္စနှင့်ပတ်သက်၍ သတင်းအချက် အလက်များကိုလည်း ထောက်ပံ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
Ref: Arstechnica