Sony တိုက်ခိုက်မှု မတိုင်မီတွင် မြောက်ကိုရီးယားကို NSA မှ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဟုဆá

14984_10152668125947825_7319960981625659209_n.jpg

အမေရိကန်သည် မြောက်ကိုရီးယားကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် Sony ကိုတိုက်ခိုက်မည့် သတင်းအချက်အလက်ကို ရရှိခဲ့ကြောင်း Der Spiegel နှင့် နယူးယောက်တိုင်းမ်တို့မှဖော်ပြခဲ့သည်။

National Security Agency (NSA) သည်၂၀၁၀ ခုနှစ်မှစတင်၍ မြောက်ကိုရီးယား ကွန်ရက်နှင့် ကွန်ပျူတာများကို ဝင်ရောက် ကြည့်ရှုနိုင်ခဲ့ကြောင်း Times မှ ဖော်ပြခဲ့သည်။ အမေရိကန်အာဏာပိုင်များ အနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအစီအစဉ်အပြင် ၎င်းတို့ ထိပ်တန်းအရာရှိများ၏ မှတ်တမ်းများနှင့် တောင်ကိုရီးယားကို တိုက်ခိုက်နိုင်မည့် အစီအစဉ်များကို ကြိုတင်သိရှိနိုင်စေရန် ကြိုးပမ်းခဲ့ကြကြောင်း Der Spiegel မှထုတ်ပြန်ခဲ့သော စာရွက်စာတမ်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ၂၀၁၃ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ အရေးပါသော ဘဏ္ဍာရေးနှင့် မီဒီယာ အဖွဲ့အစည်းများကို အကြီးအကျယ် အထိနာစေရန် အတွက် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် IP address များသည် Sony တိုက်ခိုက်မှုတွင် ပြန်လည်တွေ့ရှိခဲ့ရကြောင်း ဆိုသည်။

အမေရိကန်အာဏာပိုင်သည် Sony တိုက်ခိုက်မှုတွင် မြောက်ကိုရီးယားပါဝင်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ သမ္မတ အိုဘားမားကလည်း တိုက်ခိုက်မှု နောက်ကွယ်တွင် မြောက်ကိုရီးယား ပါဝင်မှုကို ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ ပြောကြားချက်များသည် ထူးခြားနေကြောင်းနှင့် အမေရိကန်အနေဖြင့် နိုင်ငံအတွင်းရှိ ပစ်မှတ်များအား ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်သည့် အခြားအစိုးရကို စွပ်စွဲပြောဆိုလေ့မရှိကြောင်း Times မှဖော်ပြခဲ့သည်။

အမေရိကန်အနေဖြင့် Sony အား မြောက်ကိုရီးယားမှ တိုက်ခိုက်မည့် အစီအစဉ်ကို သိရှိသော်လည်း သတိပေးခြင်း မရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ မည်သည့်အကြောင်းများကြောင့် သတိပေးခြင်း မပြုလုပ်သည်ကို မသိရှိရသေးသော်လည်း မြောက်ကိုရီးယားသည် Sony Pictures ကိုတိုက်ခိုက်ရာတွင် system administrator တစ်ဦး၏ အချက်အလက်များအား ခိုးယူ၍ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း Times မှဖော်ပြခဲ့သည်။

Ref: PCMag