Football Manager 2015 ၏ Version 15 ထွက်ရှိ

ft.jpg

Simulation ဂိမ်းများတွင် Sega ၏ ရောင်းအားအကောင်းဆုံး ဘောလုံး Manager ဂိမ်းစီးရီး Football Manager ၏ Stable Version ဖြစ်သော Version 15 ထွက်ရှိလာပြီး နိုင်ငံ ၅၀ ကျော်မှ Club အသင်းများနှင့်
အတူ ဥရောပတိုက်ဘောလုံး Club အသင်းများနှင့် League များ အားလုံးပါဝင်ထားကြောင်း သိရသည်။

Version သစ်တွင် Game Crash နှင့် Bugs များ မပါဝင်တော့ကြောင်း၊ Gameplay features သစ်များအဖြစ် Tracksuit Manager, Matchday Experience နှင့် Scouting Centre တို့ ပါဝင်ထားပြီး 3D Game
Engine အသစ်ကို အသုံးပြုထားသည့်အတွက်ကြောင့် ဘောလုံးပွဲများကို ကြည့်ရှုရာတွင်လည်း ဘောလုံးသမားများ၏ လှုပ်ရှားမှုများက ယခင်ကထက် ပိုမိုအသက်ဝင်လာကြောင်း သိရသည်။ Normal Mode နှင့် Classic Mode နှစ်မျိုး ရွေးချယ်နိုင်မည် ဖြစ်သည်။

Football Manager 2015 ၏ Version 15 ကို GAME HIVE ဖုန်း ၀၉-၇၃၁၁၈၅၅၀ နှင့် ၀၉-၅၄၁၇၂၇၂ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။