in-memory analytics

In-memory analytics ဆိုသည်မှာ ကွန်ပျူတာတစ်လုံး၏ random access memory (RAM) တွင် တည်ရှိသည့် အချက်အလက်များကို တောင်းဆိုသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ၎င်းသည် physical disk များတွင် သိုလှောင်ထားသည့် အချက်အလက်များကို တောင်းဆိုသည့် နည်းလမ်းနှင့် ဆန့်ကျင်သည်။ ထို့အတွက် business intelligence (BI) နှင့် analytic application များက လျင်မြန်သည့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ထောက်ပံ့ပေးနိုင်သည်။

RAM ၏ ကုန်ကျစရိတ် ကျဆင်းလာချိန်တွင် in-memory analytics က စီးပွားရေးလုပ်ငန်းများအတွက် အလွယ်တကူပြုလုပ်နိုင်သည့် နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။ BI နှင့် analytic application များသည် RAM ရှိ အချက်အလက်များကို စုဆောင်းထားခြင်းအား ရေရှည်ထောက်ပံ့ပေးနိုင်သည်။ သို့သော် ခေတ်လွန် 32-bit operating system များက အသုံးပြုနိုင်မည့် memory ကို 4GB အထိသာ ထောက်ပံ့ပေးထားသည်။ 64-bit operating system သစ်များတွင် အသုံးပြုနိုင်သည့် memory ကို 1TB အထိ ထောက်ပံ့ပေးထားသည်။ ထို့အတွက်ကြောင့် 64-bit operating system များတွင် အချက်အလက် အများအပြားကို cache လုပ်ထားနိုင်သောကြောင့် ကွန်ပျူတာတစ်လုံး၏ RAM တွင် data warehouse သို့မဟုတ် data mart တစ်ခုအနေဖြင့် အသုံးပြုနိုင်ဖွယ်ရှိသည်။

အချက်အလက် တောင်းဆိုမှုများကို လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်းကြောင့် in-memory analytics သည် OLAP cube များနှင့် aggregate table များရှိ အချက်အလက် သိုလှောင်မှုနှင့် data indexing အတွက် လိုအပ်ချက်များကို လျှော့ချပေးနိုင်သည်။ ၎င်းသည် အိုင်တီ ကုန်ကျစရိတ်ကို လျှော့ချနိုင်သလို BI နှင့် analytic application များကိုလည်း အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။