Wai Yan(Bago) အရောင်းပြခန်း ဖွင့်လှစ်

10403485_10205541524798672_5164562563604456939_n.jpg

TMW မှ လက်ရှိဖွင့်လှစ်ထားသည့် အရောင်းစင်တာများအပြင် ဝယ်ယူသူများ ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် အရောင်းပြခန်းသစ်ကို ဇန်နဝါရီလ ၁၇ ရက်က ဖွင့်လှစ်ခဲ့သည်။

ပဲခူး Wai Yan အရောင်းပြခန်းသစ်ကြီးတွင် နောက်ဆုံးပေါ် အိမ်သုံးအီလက်ထရောနစ်ပစ္စည်းမျိုးစုံ၊ မိုဘိုင်းဟန်းဆက်မျိုးစုံကို တစ်နေရာတည်းတွင် စုံလင်စွာဖြင့် ခင်းကျင်းပြသထားပြီး ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် လာရောက်ဝယ်ယူအားပေးသော Customer များကို အထူးဈေးနှုန်း၊ အထူး လက်ဆောင်များဖြင့် ရောင်းချပေခဲ့သည့်အပြင် နေ့စဉ် ဈေးဝယ်ရင်း ကံစမ်းနိုင်မည့် Special Lucky Draw အစီအစဉ်ကိုလည်း ပြုလုပ်ပေးခဲ့သည့်။ အဆိုပါ အစီအစဉ်ကို ဇန်နဝါရီ ၁၇ ရက်မှ ၂၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး နေ့စဉ်ညနေ ၆ နာရီတွင် မဲဖောက်ပေးသွားမည် ဖြစ်သည်။ ထို့အပြင် ကျပ်ငါးသောင်းဖိုးနှင့် အထက် ပထမဆုံးဝယ်ယူသူ အယောက်၂၀ ကိုလည်း MPT ဆင်းမ်ကတ်နှင့် Top up ကတ် (၅၀၀၀ တန်) ပေးအပ်ခဲ့သည်။