Spy Camera & Headphone

Spy-Camera-&-Headphone.jpg

သဘာဝပတ်ဝန်းကျင် လေ့လာစူးစမ်းရေးအတွက် အသုံးပြုနိုင်သလို လိုအပ်ပါက Spy လုပ်ငန်းများအတွက်ပါ အသုံးပြုနိုင်မည့် မှန်ပြောင်းနှင့် အသံဖမ်းကိရိယာ ဖြစ်သည်။ ပေ ၃၀၀ အကွာအဝေးမှအသံ များကို ဖမ်းပေးနိုင်ပြီး အသံအတိုး၊ အကျယ် စိတ်ကြိုက်ချိန်ညှိနိုင်သည်။ အဝေးမှ စကားပြောသံ၊ ငှက်သံ၊ တိရစ္ဆာန်အသံ စသော အသံမျိုးစုံကို ဖမ်းနိုင်သည်။ လျှို့ဝှက်စွာ အသုံးပြုနိုင်အောင် တစ်ကိုယ်တည်းကြားနိုင်သော Headphone လည်း ပူးတွဲပါဝင်ပြီး ဖြစ်သည်။ မှန်ဘီလူးမှာ ဆွဲအား ၈ ဆရှိသည်။ မှန်ဘီလူးကိုလည်း စိတ်ကြိုက်ချိန်ညှိနိုင်သည်။ ဖမ်းယူထားသော အသံကိုလည်း ပြန်လည်လွှင့်ထုတ်ပေးနိုင်သည်။ သဘာဝခရီးသွား၊ ငှက်ကြည့်လုပ်ငန်းများတွင် တိရစ္ဆာန်များ၊ ငှက်များ၏ အသံကို ဖမ်းထားပြီး ပြန်လည်
ညှို့ခေါ်သောနေရာမျိုးမှာလည်း အသုံးဝင်မည်ဖြစ်သည်။ အသံဖမ်းပေးရာတွင်လည်း Digital စနစ်ဖြင့် ဖမ်းယူပေးမည် ဖြစ်သည်။ မှန်ဘီလူးမှာ Multi Coated အမျိုးအစားဖြစ်ပြီး ကြည်လင်ပြတ်သားသော ပုံရိပ်ကို ရနိုင်မည်ဟု သိရသည်။ DC 9V ဓာတ်ခဲတစ်လုံးထည့်သွင်းရမည် ဖြစ်သည်။  တန်ဖိုးမှာ ကျပ် ၇ဝ,ဝဝဝ ဝန်းကျင်ဖြင့် Asia Best Link ဖုန်း ၃၉၉၁၂၉၊ ၀၉-၅၁၀၉၄၄၂ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။