Persona Q: Shadow of the Labyrinth

game_review_16-2.jpg

Persona Series ဟာ အအောင်မြင်ဆုံး RPG franchise တစ်ခုဖြစ်တဲ့ Shin Megami Tensei ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး Role Playing Game နှင့် Simulation နှစ်မျိုးပေါင်းစပ်ထားတဲ့ ထူးခြားသော
gameplay၊ စိတ်ဝင်စားဖွယ် ဇာတ်ကောင်တွေ၊ နားထောင်ကောင်းတဲ့ soundtrack နဲ့ Anime style artwork တွေကြောင့် RPG ပရိသတ်ကြားမှာရော Animation ပရိသတ်တွေကြားမှာပါ အောင်မြင်ခဲ့တဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။ Nintendo 3DS အတွက် သီးသန့် exclusive ထွက်ရှိလာတဲ့ Persona Q: Shadow of the Labyrinth ဂိမ်းသစ်ကတော့ Persona 3 နှင့် Persona 4 က ဇာတ်ကောင်တွေ ပါဝင်ထားပြီး Dungeon Crawler RPG ဂိမ်းစီးရီးဖြစ်တဲ့ Etrian Odyssey ရဲ့  gameplay ပုံစံနဲ့ ပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်လို့ မထွက်ခင်ကတည်းက JRPG ပရိသတ်တွေ စိတ်ဝင်စားခဲ့ရတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

နာမည်ကြီးဂိမ်းတွေ နှစ်မျိုးပေါင်းပြီး crossover ပုံစံလုပ်တဲ့အခါမှာ ဂိမ်းတစ်ခုက gameplay ပိုင်းနဲ့ အခြားဂိမ်းတစ်ခုက character design/graphics ပိုင်းကို ယူပြီးတော့ Street Fighter gameplay နဲ့ နီးစပ်တဲ့ Street Fighter X Tekken ၊ Dynasty Warriors gameplay ပုံစံနဲ့ ဆင်တူတဲ့ Dynasty Warriors Gundam နှင့် One Piece – Pirate Warriors တို့လို ဂိမ်းတွေ ထွက်လာကြပေမယ့် Persona Q: Shadow of the Labyrinth ကတော့ Persona က battle gameplay နှင့် Persona summon စနစ်ကိုတော့ Etrian Odyssey က dungeon exploration စနစ်ကိုပါ gameplay နှစ်မျိုးရောပြီး အောင်မြင်စွာ ပေါင်း
စပ်ပေးထားနိုင်တာ တွေ့ ရပါတယ်။ ပုံမှန်ထွက်နေကြ Persona ဂိမ်းတွေနဲ့ အဓိကကွဲပြားသွားမယ့် အချက်တွေကတော့ Persona 3 နှင့် Persona 4 မှာလို ဂိမ်းအတွင်းက main characters တွေ၊ supporting characters တွေနဲ့ အတူတူ Persona Summon Level တက်အောင် ကစားရတဲ့ Dating Sims နှင့် Visual Novel ဆန်တဲ့ Social Links ဇာတ်လမ်းပိုင်းတွေ မပါဝင်တော့တဲ့ အချက်နှင့် Dungeon
အတွင်းသွားလာရတဲ့အခါနဲ့ ရန်သူတွေနဲ့ တိုက်ခိုက်တဲ့အခါတွေမှာ first person viewpoint ကနေ မြင်တွေ့ ရမယ့် အချက်တွေ ဖြစ်ပါတယ်။ Social Links ပိုင်းမပါတော့ပေမယ့် Persona 3 နှင့် Persona 4
က ဇာတ်ကောင်တွေ အချင်းချင်း စကားပြောတာတွေ၊ party member အချင်းချင်း စကားပြောတာတွေကိုတော့ ဇာတ်ကောင်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Persona ဂိမ်းပရိသတ်တွေ သဘောကျမှာပါ။

ဂိမ်းရဲ့ storyline ကိုတော့ Persona 4 ဇာတ်ကောင်တွေဘက်ကရော Persona 3 ဇာတ်ကောင်တွေဘက်ကပါ စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပြီး Yu Narukami နှင့်အတူ Persona 4 ဇာတ်ကောင်တွေ
တက်ရောက်လျက်ရှိတဲ့ Inaba မြို့က Yasogami အထက်တန်းကျောင်းပွဲတော်အချိန်အတွင်းမှာ ကျောင်းမြေအောက်ပိုင်း ထူးခြားတဲ့ နယ်မြေသစ်များအတွင်းမှ လွတ်မြောက်အောင် ကြိုးပမ်းရပုံ ဇာတ်လမ်းဆင်
ထားပါတယ်။ ဂိမ်းအတွင်း အသုံးပြုတဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Yasogami ကျောင်းသားတွေနဲ့အတူ Persona 3 မှ Specialized Extracurricular Execution Squad (SEES) အဖွဲ့ ဝင်တွေ ပေါ်မူတည်ပြီး ဂိမ်း
အတွင်းက စကားပြောခန်းတွေ၊ side missions တွေနဲ့ အသုံးပြုနိုင်တဲ့ Persona တွေ ကွဲပြားသွားမှာဖြစ်လို့ တစ်ခေါက်ထက်ပိုပြီး ကစားမှ ဇာတ်လမ်း ပိုစုံမယ့်ဂိမ်း ဖြစ်ပါတယ်။

ကျောင်းအတွင်း ပိတ်မိနေရာမှ လွတ်မြောက်အောင် ကစားရမယ့် Dungeon Crawler ဂိမ်းဖြစ်လို့ အရင်လို လပေါင်းများစွာ အချိန်အတွင်း နေရာမျိုးစုံသွားရောက်ပြီး ကစားရမှာ မဟုတ်ဘဲ ဝင်္ကပါလို တည်ဆောက်
ထားတဲ့ labyrinth များအတွင်း သွားလာရမယ့်ဂိမ်းဖြစ်တာ တွေ့ ရပါတယ်။ Labyrinth အတွင်း မဝင်တဲ့အချိန်မှာတော့ menu မှတစ်ဆင့် ကျောင်းအတွင်း သွားလာနိုင်ပြီး Velvet Room အတွင်းမှာလည်း Persona အသစ်တွေ ခေါ်ယူနိုင်မှာပါ။ Zen နှင့် Rei  အမည်ရ ဇာတ်ကောင်သစ် နှစ်ယောက်ရဲ့ အကူအညီကို အသုံးပြုပြီး ကျောင်းအတွင်းမှ လွတ်မြောက်ဖို့ အဖြေရှာရမှာဖြစ်သလို ကြီးမားတဲ့ Dungeon Level ဝင်္ကပါများအတွင်း Nintendo 3DS ရဲ့ touch screen ကို ကိုယ်တိုင်အသုံးပြုပြီး မြေပုံမှတ်ရတဲ့ exploration ပိုင်းကလည်း အရင်ဂိမ်းတွေနှင့် ပုံစံကွဲပြားပြီး အရင် old school ဂိမ်းတွေဆော့တဲ့ ခေတ်တုန်းကလို စာရွက်မှာ ချမှတ်ရတဲ့ ပျော်စရာအရသာကို ပေးနိုင်တာ တွေ့ ရပါတယ်။

Battle gameplay အနေနဲ့က ရှေ့ တန်းနှင့်နောက်တန်းနှစ်မျိုးပေါင်း ဇာတ်ကောင် ၅ ယောက်ကို ရွေးချယ်နိုင်ပြီး HP ပိုများပြီး ခံနိုင်ရည်ရှိသူတွေကို ရှေ့ မှာထားကာ အဝေးပစ် Range Attack နှင့် Support Magic
Spell အသားပေးအသုံးပြုသူတွေကို နောက်မှာ ထားနိုင်ပါတယ်။ Fire၊ Ice၊ Physical Attack အစရှိသဖြင့် ရန်သူတွေရဲ့ weakness ကို သိပြီး တိုက်နိုင်ရင်လည်း Boost effect အနေနဲ့ နောက်ထပ် တိုက်ခိုက်ရန်
အလှည့်ကျရင် HP နှင့် MP မကုန်ဘဲ တိုက်ခိုက်နိုင်မှာပါ။ အရင်ဂိမ်းတွေတုန်းက main character တစ်ယောက်တည်းကသာ Persona မျိုးစုံခေါ်ပြီး တိုက်ခိုက်နိုင်ပေမယ့်  Persona Q မှာတော့ ဇာတ်ကောင် တိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် Persona အပြင် စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ subPersona တွေကို သုံးနိုင်ပြီမို့လို့ အရင်ထက်ပိုပြီး Battle Strategy မျိုးစုံ ဖန်တီးနိုင်မှာဖြစ်သလို တိုက်ပွဲတွေကလည်း လွယ်လွယ် ကူကူနိုင်အောင် စီစဉ်ပေးထားတာမဟုတ်လို့ Strategy မျိုးစုံပြောင်းလဲပြီး ကစားနိုင်မှာ ဖြစ်ပါတယ်။

Nintendo 3DS မှာ ထွက်ရှိထားတဲ့ Persona Q: Shadow of the Labyrinth ဂိမ်းသစ်ဟာ အကောင်းဆုံး handheld JRPG ဂိမ်းတစ်ခုဖြစ်တာ တွေ့ ရပြီး Persona ဂိမ်းပရိသတ်တွေ သဘောကျမယ့် ဂိမ်းနှစ်ခုမှ ဇာတ်ကောင်တွေ၊ တွေ့ ဆုံခန်းတွေ အများကြီးပါဝင်သလို JRPG ဂိမ်းပရိသတ်အားလုံးနဲ့ သင့်တော်တဲ့ gameplay တွေလည်း ပါဝင်ထားတာ တွေ့ ရပါတယ်။