CloneSpy

CloneSpy.jpg

http://goo.gl/xKbcjE

ဆော့ဖ်ဝဲအမျိုးအစား – File Management

ဗားရှင်း – 3.13

ဖိုင်အရွယ်အစား – 2.75 MB

အသုံးပြုနိုင်သည့် OS – Windows 2000/XP/Vista/7/8

CloneSpy ဆော့ဖ်ဝဲဟာ ကွန်ပျူတာအတွင်းမှာရှိတဲ့ တူညီတဲ့ ဖိုင်တွေကို ရှာဖွေပြီး ဖယ်ရှားရှင်းလင်းပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ဒီဆောဖ့်ဝဲဟာ Hard Disk အတွင်းရှိ ဖိုင်တွေကို လိုက်လံရှာဖွေပြီး အမျိုးအစားတူညီရာဖိုင်နဲ့ အမည်တူညီတဲ့ ဖိုင်တွေကို ဖယ်ရှားရှင်းလင်း ပေးနိုင်မှာဖြစ်သလို Hard Disk အတွင်း သိမ်းဆည်းမှု ပမာဏကို ပိုမိုတိုးတက်လာစေဖို့အတွက် ကူညီပေးမယ့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ CloneSpy ဆော့ဖ်ဝဲဟာ မိတ္တူပွားထားတဲ့ ဖိုင်တွေကိုသာမက အခြားသော ဖိုင်နာမည်တူ အမျိုးအစား မတူညီတဲ့ဖိုင်တွေကိုလည်း ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။