KDU (ပီနန်) တွင် Mechatronics ဘာသာရပ်ကို ၇၀ ရာခိုင်နှုန်းပညာသင်ဆုဖြင့် တက်ရောက်မည့် မောင်စိုင်းမင်းထကá€

L-914.jpg

ဒီအပတ်မှာတော့ အင်ဂျင်နီယာ Mechatronics ဘာသာရပ်ကို KDU (ပီနန်) မှ ပညာသင်ဆု ၇၀ ရာခိုင်နှုန်း ရရှိခဲ့တဲ့  မောင်စိုင်းမင်းထက်နိုင်ရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

KDU (ပီနန်) ကို ရွေးချယ်ခဲ့ရတဲ့အကြောင်း ပြောပြပေးပါ။

ပထမတစ်ချက်က ပညာသင်ဆုပေးတဲ့ ကျောင်းဖြစ်ရမယ်။ နှစ်အချက်က ကျောင်းရဲ့ အဆင့်အတန်းနဲ့ Facilities နောက်ပြီး ကျောင်းရှိတဲ့ မြို့၊ ကုန်ကျစရိတ် သက်သာ ဖို့၊ ကျောင်းရဲ့ Ranking အဆင့်ကို ကြည့်တယ်။ KDU (ပီနန်) က မြို့အနေနဲ့ဆိုရင် နေထိုင်လို့ကောင်းတယ်။ လုံခြုံစိတ်ချရတယ်။  ကျွန်တော်မရောက် ဖူးသေးပေမယ့် ပီနန်မြို့အကြောင်းကို တော်တော်ကြားဖူးတယ်။ အာရှနိုင်ငံဖြစ်တဲ့အတွက် ယဉ်ကျေးမှု၊ လူမှုနေထိုင်ပုံ ကလည်း သိပ်မကွာခြားဘူး။  Culture Shock လည်း မဖြစ်နိုင်ဘူး။ ကမ်းခြေမြို့ဖြစ်တဲ့ အတွက် အစားအသောက် ကောင်းပြီး ရာသီဥတုက သာယာတယ်။ ချိတ်ဆက်ထားတဲ့ University တွေကို လဲကြိုက်တယ်။ မြန်မာကျောင်း သား၊ ကျောင်း သူအတွက် အထူး ပညာသင်ဆု ၈၀ ရာခိုင်နှုန်းအထိ ပေးတယ်။ နောက်ဆုံးတစ်ချက်က ကျွန်တော်မစဉ်းစားမိခဲ့တဲ့ Internship (အလုပ်သင်) ပဲ။ မြန်မာနိုင်ငံမှာ လာကြော်ငြာနေတဲ့ ကျောင်းတွေမှာ Internship မရှိဘူး။ ပီနန်မြို့က အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး Industry zone တစ်ခုလို့ သိထားတယ်။  အလုပ် အကိုင် အခွင့်အလမ်းနဲ့ အလုပ်သင် ပူးတွဲပါရှိတဲ့အတွက် ကျွန်တော်ထင်ထားတာထက် အများကြီးအဆင်ပြေတယ်။

Mechatronics ဘာသာရပ်ကို ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။  

ကျွန်တော် ၁၀ တန်းအောင်ပြီး ကတည်းက နည်းပညာပိုင်းနဲ့ Mechatronics ဘာသာရပ်ကို စိတ်ဝင်စားလို့။ ငယ်ငယ်ကတည်းက Technological Series ကို စိတ်ဝင် စားခဲ့တယ်။ ၁၀ တန်းမှာလည်း သင်္ချာနဲ့ ရူပဗေဒ ဘာသာကို ဂုဏ်ထူးအမှတ် ကောင်းကောင်းနဲ့ အောင်ခဲ့တယ်။ ဒီနှစ်ဘာသာစလုံးက အင်ဂျင်နီယာဖြစ်ဖို့အတွက် အခြေခံ ဆိုတော့ အဲ့ဒီနှစ်ဘာသာနဲ့ အဓိကဆက်စပ်တဲ့ Mechatronics ဘာသာရပ်ကို ရွေးချယ်ခဲ့တာ။

KDU (ပီနန်) ကနေ ပညာသင် ဆုထောက်ပံ့ကြေး ဘယ်လောက်ရရှိခဲ့သလဲ။ ဘယ်လို လျှောက်ထားခဲ့လဲ။ ဘယ်လိုအချက်အလက်တွေ လိုအပ်လဲ။

ကျွန်တော် KDU (ပီနန်) မှ ၇၀ ရာခိုင်နှုန်း ပညာသင်ထောက်ပံ့ကြေးဆု ရရှိခဲ့ပါတယ်။ ၇၀  ရာခိုင်နှုန်းဆိုတော့ ကျွန်တော်အတိုင်းမသိ ဝမ်းသာခဲ့တယ်။ ကျွန်တော် ၁၀ တန်းအောင် အမှတ်နဲ့ပဲ လျှောက်ခဲ့တာပါ။ အစကတော့ ပညာသင်ဆုက ၆၀ ရာခိုင်နှုန်းပဲ ရခဲ့တယ်။ MSI ရဲ့ကြိုးစားပေးမှုနဲ့ ၇၀ ရာခိုင်နှုန်း ရသွားခဲ့တာ။ MSI ကို အရမ်းကျေးဇူးတင်တယ်။

KDU (ပီနန်) ကပေးတဲ့ ပညာသင်ဆုထောက်ပံ့ကြေးနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

KDU (ပီနန်) ရဲ့ ပညာသင်ထောက်ပံ့ကြေးက မြန်မာကျောင်းသား၊ ကျောင်းသူတွေအတွက် သီးသန့်ဖြစ်တယ်လို့ MSI ကပြောတယ်။ ကျွန်တော်တို့ မြန် မာလူငယ်တွေ အတွက် ငွေကုန်ကြေးကျ အရမ်းသက်သာပြီး အရှေ့တောင်အာရှမှာ ပညာသင်ကြားဖို့ ရှားမှရှား အခွင့်ကောင်းပဲ။ ကျွန်တော်က ၇၀ ရာခိုင်နှုန်းပဲ ရခဲ့ပေမယ့် တကယ် ၈၀ ရာခိုင်နှုန်းပညာသင်ဆုရခဲ့တဲ့ ကျောင်းသားလည်းရှိတယ်။ တချို့ကျောင်းတွေက ကြော်ငြာမှာပါတဲ့ ပညာသင်ဆု၊ ထောက်ပံ့ကြေး ပမာဏအတိုင်းပေးတာ မရှိသလောက် ဘဲ။ ဒီကျောင်းကတော့ တကယ်အပြည့်ပေးတယ်။

ဒီပလိုမာတန်းပြီးရင် ဒီဂရီတန်းကို ဆက်လက်သင်ယူမှာလား။ ဒီပလိုမာဘွဲ့နဲ့ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်း ဘာတွေရှိနိုင်မလဲ။

ကျွန်တော် ဘွဲ့ဒီဂရီတန်းကို ဆက်တက်မယ်။ ပညာသင်ဆုနဲ့ ဆက်တက်လို့ရအောင် ကျွန်တော် ကြိုးစားမယ်။ အလုပ်အကိုင်ကတော့ KDU (ပီနန်) က ၆ လ အလုပ်သင် ကာလ ပူးတွဲပါတဲ့အတွက် ဒီပလိုမာပြီးတဲ့အခါ မြန်မာနိုင်ငံမှာရော၊ ပြည်ပမှာရော အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ကျောင်းပြီး လို့ မြန်မာနိုင်ငံ ပြန်လာ ရင်တောင်မှ ကျွန်တော့်မှာ လုပ်သက် အတွေ့အကြုံ ၆ လဆိုတာ ပါလာတယ်။ ဒါက ဒီကျောင်းရဲ့ အားသာချက်ပဲ။  Mechatronics ဘာသာရပ်က Mechanical and Electronics နှစ်ဘာသာကို ပူးတွဲသင်ရမှာဖြစ်လို့ အလုပ်အကိုင်အခွင့်အလမ်း ပူစရာမလိုဘူးလို့ ကျွန်တော်ထင်တယ်။

အနာဂတ် ဘ၀ရည်မှန်းချက်လေး ပြောပြပေးပါဦး။

ကျွန်တော်က ကျွမ်းကျင်တဲ့ Electric Engineer တစ်ယောက် ဖြစ်အောင် ကြိုးစားမယ်။ အခု နိုင်ငံခြားမှာ ပညာသင်ယူတာပာာ ကျွန်တော့်ရဲ့ အနာဂတ်ရည်မှန်း ချက် ပြည့်အောင်နဲ့ အတွေ့အကြုံ၊ အတွေးအခေါ်၊ အသိပညာအားလုံးကို အမြင်ကျယ်သွားဖို့ အတွက်ရယ်၊ International Student Life ကို ကျွန်တော်ရချင်ပါတယ်။