SM Asia Corporation Co.,Ltd ၏ Panasonic Telecomunication & Security Showroom ဖွင့်လှစ်

10928171_10203971978399662_2582259535432612511_o.jpg

SM Asia Corporation Co.,Ltd ၏ Panasonic Telecomunication & Security Showroom ကို ဇန်နဝါရီလ ၁၅ ရက်၊ နံနက် ၉ အချိန်တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ အမှတ် ၄၂၉(အေ ၁/၂) ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အရောင်းပြခန်းတွင် ဟိုတယ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ရှော့ပင်းစင်တာများ၊ ကွန်ဒိုများအထိ အလွယ်တကူ သုံးစွဲနိုင်မည့် PABX နှင့် တွဲဖက် သုံးစွဲနိုင်မည့် ဖုန်းများ၊ Fax Phones များကို ဈေးနှုန်း မှန်ကန်သက်သာစွာဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် Security CCTV System နှင့် ပတ်သက်၍လည်း အဆောက် အဦ အတွင်းအပြင်နှင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော ကင်မရာများလည်း ရောင်ချမည်ဖြစ်ပြီး ဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများအတွက် Panasonic Panaboards များ၊ Panasonic Video Conferences များကိုပါ တင်သွင်းရောင်းချသွားမည် ဖြစ်သည်။ အဆိုပါ အရောင်းပြခန်းတွင် IP (PABX & Security Systems) ဖြင့်လည်း စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။