CB Bank ၏ Internet Banking စနစ် ငွေဖြည့်သွင်းခြင်းအား MyanPay Online Payment တွင် စတင် အသုံးပြုနိုင်

10931002_745398208863681_7374806577174344056_n.jpg

MyanPay Online Payment Gateway တွင် CB Bank ၏ Internet Banking စနစ်အား စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

MyanPay အသုံးပြုသူ၏ အကောင့်အတွင်းသို့ CB Bank Internet Banking မှတစ်ဆင့် ငွေဖြည့်သွင်းခြင်းအား ဇန်နဝါရီလ ၁၅ ရက်မှ စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း MyanPay ၏ တာဝန်ရှိသူက ပြောသည်။ MyanPay အကောင့် အသုံးပြုရန်အတွက် ယခင်ကဘဏ်များဖြင့် ချိတ်ဆက် ဆောင်ရွက်ရခြင်းဖြစ်၍ ဘဏ်ဖွင့်ရက်တွင်သာ သွားရောက် ဆောင်ရွက်နိုင်ကြောင်း၊ ယခုအခါ CB Bank ၏ Internet Banking စနစ်ဖြင့် ငွေထည့်သွင်းနိုင်ပြီ ဖြစ်၍ ဘဏ်သို့ သွားရောက်စရာ မလိုတော့ကြောင်း သိရသည်။

“CB Bank ရဲ့ Internet Banking စနစ် အသုံးပြုတဲ့ မည်သူမဆို MyanPay အကောင့်ထဲကို ချက်ချင်းငွေသွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု MyanPay ၏ တာဝန်ရှိသူက ပြောသည်။

အင်တာနက် အသုံးပြုသူများ အနေဖြင့် MyanPay ငွေပေးချေမှု အကောင့်အား Internet ပေါ်တွင် အခမဲ့ဖွင့်နိုင်ပြီး မိမိ၏ MyanPay အကောင့်အတွင်းသို့ CB Bank ၏ Internet Banking စနစ်မှ ငွေဖြည့်သွင်း၍ ချက်ချင်း အသုံးပြုနိုင်ကြောင်း သိရသည်။