Zip drive

Zip drive သည် သေးငယ်သည့် portable disk drive တစ်ခုဖြစ်သည်။ ၎င်းကို တစ်ကိုယ်ရေသုံး ကွန်ပျူတာဖိုင်များအား back up ပြုလုပ်ခြင်းနှင့် archive ပြုလုပ်ခြင်းတို့အတွက် အသုံးပြုသည်။ Zip drive ကို Iomega Corporation မှ ဖန်တီးပြီး ရောင်းချခြင်း ဖြစ်သည်။ Zip drive များနှင့် disk များသည် အရွယ်အစား နှစ်မျိုးဖြင့် တွေ့မြင်နိုင်သည်။ 100 megabyte အရွယ်အစားသည် floppy diskette ၇၀ နှင့် ညီမျှသည့် အချက်အလက် 100,431,872 bytes ကို သိမ်းဆည်းပေးနိုင်သည်။ ၎င်းအပြင် 250 megabyte drive နှင့် disk ကိုလည်း ထုတ်လုပ်ထားသည်။ Iomega Zip drive တွင် software တစ်ခု ပါဝင်ပြီး ၎င်းသည် hard drive မှ content အားလုံးကို အခြား Zip disk များထံ ကူးယူပေးနိုင်သည်။

Iomega Zip drive ကို data backup အပြင် အောက်ဖော်ပြပါ အချက်များ အနေဖြင့်လည်း အသုံးပြုနိုင်သည်။

– e-mail အဟောင်း သို့မဟုတ် အသုံးမပြုတော့သည့် အခြားသောဖိုင်များကို တစ်ချိန်ချိန်တွင် ပြန်လည်အသုံးပြုနိုင်ရန် စုစည်းထားခြင်း။

– ဂရပ်ဖစ်ပုံများကဲ့သို့သော အရွယ်ကြီးမားသည့် ဖိုင်များကို သိုလှောင်သိမ်းဆည်းထားခြင်း

– အရွယ်ကြီးမားသည့် ဖိုင်များကို တစ်စုံတစ်ယောက်နှင့် ဖလှယ်ခြင်း။

– မိမိ၏ system ကို အခြား ကွန်ပျူတာပေါ်တွင် ထည့်သွင်းခြင်း။

– hard disk ပေါ်မှ ဖိုင်များကို သီးခြား သိမ်းဆည်းထားခြင်း။

Zip drive ကို parallel နှင့် Small Computer System Interface (SCSI) version ဖြင့် ဝယ်ယူနိုင်သည်။