Toyota Crown တွေက လူကြိုက်များနေဆဲပါ

toyota_crown-hybrid-concept-2007_r7.jpg

လက်ရှိ ပြည်တွင်းဈေးကွက်မှာတော့ အားလုံးသိတဲ့အတိုင်း Toyota က Brand စွဲ၊ စွဲလောက်အောင်ကို နေရာရနေတာ တွေ့ နိုင်သလို သူ့ရဲ့ မော်ဒယ်တွေထဲက SUV ဆိုရင် Land Cruiser, Kluger နဲ့ RAV-4၊ Sedan ဆိုရင် Crown နဲ့ Truck ဆိုရင် Vogo လို မော်ဒယ်တွေက ဈေးကွက်ရဲ့ ဘုရင်တွေပါပဲနော်။ ဒီနေ့တော့ ကျွန်တော်က Toyota ကြိုက်နှစ်သက်သူတွေရဲ့ လူကြိုက်အများဆုံး မော်ဒယ်တစ်ခုဖြစ်တဲ့ Crown ရဲ့ ဈေးနှုန်းနဲ့ဝယ်ယူဖို့ အသင့်တော်ဆုံးမော်ဒယ်တွေကို နည်းနည်းလောက် အကြံပေးချင်ပါတယ်။

လက်ရှိမှာတော့ Crown က ၂၀၀၂ ခုနှစ် မော်ဒယ်လောက်ထိအောင် ဈေးကွက်မှာ ဝယ်လက်ရှိနေသေးတာ တွေ့ နိုင်သလို အဆိုပါမော်ဒယ်က ဈေးနှုန်းအပိုင်းမှာရော ရှေ့ ပိုင်းထုတ်မော်ဒယ်ဖြစ် တာကြောင့်ရော ဈေးကွက်မှာ လူကြိုက်များပါတယ်။ အလွယ်ဆုံးပြောရရင် ၂၀၀၂ ခုနှစ်မော်ဒယ်က စက်သုံးဆီစနစ်အပိုင်းမှာ ဒီဇယ်ဆီစနစ်နဲ့ များပြီးတော့ ဒီစနစ်က လက်ရှိနောက်ဆုံးပေါ် Audi ရဲ့ TDI စနစ်လို အပြစ်ကင်းပြီး စွမ်းအင်ထုတ်လုပ်မှုကောင်းရင်တော့ ပြဿ     နာမဟုတ်ပေမယ့် သူက ၂၀၀၂ ခုနှစ်ကတည်းက ထုတ်လုပ်ထားတဲ့ မော်ဒယ်ဖြစ်တာကြောင့် ရေရှည်မှာ အဆင်ပြေပါ့မလားဆိုတာ စဉ်းစားစရာပါ။

နောက်တစ်ချက် ပြောစရာရှိတာက ဒီဇိုင်းပိုင်း ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မော်ဒယ်လို Crown ကနေစပြီး အခု နောက်ဆုံးထွက် ရှိထားတဲ့ Crown ထိအောင် ရုပ်ထွက်ပိုင်းက အနည်းငယ်
ဆင်တူတာ တွေ့ ရပေမယ့် ၂၀၀၂ ခုနှစ် မော်ဒယ်လို ရုပ်ထွက်ကတော့ ဘယ်အချိန်ကြည့်ကြည့်၊ Crown မှန်းလဲ သိသာစေနိုင်သလို မော်ဒယ်နိမ့် Crown ဆိုတာလည်း သိသာစေနိုင်ပါတယ်။ ဒါပေမဲ့ တစ်ချက်ရှိတာက ဈေးနှုန်း အပိုင်းဖြစ်ပြီးတော့ ကျပ်သိန်း ၁၄၀ ဝန်းကျင်နဲ့ ဈေးကွက်မှာ ရရှိနိုင်တာ ဖြစ်ပါတယ်။

ကောင်းပါပြီ၊ ဒီတော့ ကျွန်တော်တို့ မော်ဒယ်နိမ့် Crown ပြီးတော့ မော်ဒယ်မြင့်ဘက်ကို တစ်ချက်လောက် ကြည့်ရအောင်ပါ။ ၂၀၀၄ ခုနှစ် မော်ဒယ်ဆိုရင် ရုပ်ထွက်ကလည်း ကြည့်ကောင်းသွားပြီ၊ အင်ဂျင် ပါဝါပိုင်းလည်း မထူးခြားသလို စွမ်းဆောင်နိုင်မှုနှုန်းကတော့ ၂၀၀၂ ခုနှစ်မော်ဒယ်ထက် သိသိသာသာ တက်လာတာ တွေ့ နိုင်ပါတယ်။ နောက်ပြီး ဓာတ်ဆီစနစ်သုံးလည်း ရနိုင်တာတွေ့ ရသလို  အရောင်ရွေးချယ် ဝယ်ယူနိုင်မှုအပိုင်းလည်း အခွင့်အလမ်း ပိုသာသွားပါတယ်။ ဒီတော့ ဈေးနှုန်းပိုင်း တစ်ချက်လောက်ကြည့်ရအောင်၊ သူကပျမ်းမျှ သိန်း ၂၄၀ ဝန်းကျင်လောက်နဲ့ရနိုင်ပြီး ၂၀၀၂ ခုနှစ် မော်ဒယ်ထက်စာရင်တော့ သိန်း ၁၀၀ လောက်ကွာခြားတာ တွေ့ ရပါတယ်။

နောက်ထပ် သူ့ထက်မော်ဒယ်မြင့်တဲ့ ၂၀၀၅ ခုနှစ်မော်ဒယ်ဆိုရင် ကျပ်သိန်း ၂၈၀ ဝန်းကျင်လောက်ထိအောင် ဈေးရှိနေပြီးတော့ ပြင်ပဈေးကွက်မှာ လွယ်လွယ်ရနိုင်တဲ့ မော်ဒယ်မြင့် Crown ဖြစ်မယ့် ၂၀၀၈ ခုနှစ်လောက်ဆိုရင် သိန်း ၃၃၀ ဝန်းကျင်လောက်ထိအောင် ဈေးမြောက်ချင်ပါတယ်။ ဒီတော့ သုံးပိုင်းခွဲကြည့်ရင် ၂၀၀၂ မော်ဒယ်က သိန်း ၁၄၀ ၀န်းကျင်၊ ၂၀၀၄ မော်ဒယ်က သိန်း ၂၄၀ ဝန်းကျင်နဲ့ ၂၀၀၈ နဲ့ နောက်ပိုင်းမော်ဒယ်တွေက သိန်း ၃၃၀ နဲ့အထက်ဆိုရင် ကျွန်တော်တို့ ဘယ်မော်ဒယ်ကို ရွေးချယ်ကြမလဲ။ ကျွန်တော်ကတော့ ၂၀၀၄ နဲ့  ၂၀၀၅ မော်ဒယ်တွေကို သဘောကျမိပါတယ်။ ဈေးနှုန်းသင့်တယ်၊ ရုပ်ထွက်လှတယ်၊ စွမ်းဆောင်ရည်ကောင်းတယ်၊ နောက်ပိုင်း ကားဈေးနှုန်း ထိုးကျသွားရင်တောင်မှ အရှုံးမများနိုင်ဘူး၊ ပြီးတော့ ရောင်းရ၊ ဝယ်ရလွယ်ကူတယ်၊ ဒါကြောင့် ကျွန်တော် ၂၀၀၄-၀၅ ခုနှစ် Crown ကို သဘောကျမိတယ်။