Record Pro

screen322x572.jpeg

Record Pro ဆိုသည့် App သည် iOS အသုံးပြုသူများ iPhone, iPad, iPod Touch အစရှိသည်တို့ပေါ်တွင် အသုံးပြုနိုင်မည့် App တစ်ခုဖြစ်သည်။ Record ပြုလုပ်သည့်ဖိုင်များကို MP3 ဖိုင်အဖြစ် တိုက်ရိုက် ပြောင်းလဲ၍ သိမ်းဆည်းပေးထားသဖြင့် အသုံးပြုသူများ ဖိုင်ကို ပြန်လည် ထုတ်ယူသည့်အခါတွင် အလွယ်တကူဖြင့် ပြန်လည် အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ App ကို အသုံးပြုခွင့်အတွက် ယခင်က ကန်ဒေါ်လာ ၄.၉၉ ပေးသွင်းရပြီး၊ ယခုအခါမှာတော့ အခမဲ့ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ iOS Version 6.0 နှင့်အထက်တွင် အသုံးပြုနိုင်မည့် App တစ်ခုလည်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။