Power Exhaust အားဖြုတ်ပြီးမှသာလျှင် မော်တော် ယာဉ် စစ်းဆေး ဆောင်ရွက်ခြင်း ခွင့်ပြုမည်

Power  Exhaust အားဖြုတ်ပြီးမှသာလျှင် မော်တော်ယာဉ်စစ်းဆေးဆောင်ရွက်ခြင်း ခွင့်ပြုမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

ယခုအခါ ပြိုင်ကားများနှင့် Power Exhaust တပ်မော်တော်ယာဉ်များသည် စည်းကမ်းမဲ့စွာမောင်းနှင် သွားလာမှုကြောင့် အသံဆူညံစွာ ဖြစ်ပေါ်စေပြီး အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်ပေါ်စေကြောင်း၊ ယင်း
အပြင် ယာဉ်အန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ကြေညာထားသည်။ ထို့ကြောင့် မော်တော်ယာဉ်စစ်ဆေးဆောင်ရွက်သည့် ကိစ္စရပ်များတွင် Power Exhaust များတပ်ဆင်
လာပါက အဆိုပါ Power Exhaust အားဖြုတ်စေပြီးမှသာလျှင် ဆက်လက်ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

နောက်ထပ် တပ်ဆင်အသုံးပြုခြင်းများတွေ့ ရှိပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကြေညာထားသည်။