Harvest Moon: The Lost Valley နှင့်အတူ 3DS ဂိမ်းသစ်များ ဝင်ရောက်

Harvest-Moon-The-Lost-Valley.jpg

Nintendo 3DS ဂိမ်းစက်များတွင် ကစားနိုင်မည့် နောက်ဆုံးပေါ်ဂိမ်းသစ်များ ဆက်တိုက် ဝင်ရောက်လာလျက်ရှိရာ Nintendo exclusive ဂိမ်းသစ်များဖြစ်သော Harvest Moon: The Lost Valley နှင့်အတူ  Plat-forming ဂိမ်းသစ် Sonic Boom Shattered Crystal, Action ဂိမ်းသစ် Big Hero 6 နှင့် Adventure ဂိမ်းသစ် Penguins of Madagascar အစရှိသည့် ဂိမ်းသစ်များ ထွက်ရှိလာကြောင်း သိရသည်။

နာမည်ကြီး Farming Simulation ဂိမ်းသစ် Harvest Moon: The Lost Valley တွင် ကစားသူအနေဖြင့် မိမိ၏ လယ်မြေနှင့် အဆောက်အဦများကို နေရာမျိုးစုံ ပြောင်းလဲပြီး စိတ်ကြိုက်တည်ဆောက်နိုင်ပြီဖြစ်သလို ရွာအတွင်း လှည့်လည်ပြီး side quests များကိုလည်း ရွေးချယ်ကစားနိုင်မည်ဟု သိရသည်။

Harvest Moon: The Lost Valley နှင့်အတူ Nintendo 3DS ဂိမ်းသစ်များကို GAME HIVE ဖုန်း ၀၉-၇၃၁၁၈၅၅၀ နှင့် ၀၉-၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။