.jpg)
HDMI ကို အကွာအဝေးများများ အသုံးပြုသူများအတွက် Network cable ကြားခံကာ အကွာအဝေး ပေ ၅၀ ကျော်အထိ အသုံးပြုနိုင်မည့် HDMI Extender တစ်မျိုး ဈေးကွက်ဝင်ရောက်လာသည်။ Projector, လုံခြုံရေးကင်မရာ၊ Laptop, Desktop, ဂိမ်းစက်များကို တီဗွီနှင့်ဖြစ်စေ၊ အခြား HDMI ပါဝင်သော ထုတ်ကုန်များနှင့်ဖြစ်စေ ချိတ်ဆက်သည့်အခါ မိမိလိုအပ်သော အကွာအဝေးအတွက် HDMI ကြိုးရရှိရန် ခက်ခဲသလို ရရှိပါကလည်း တန်ဖိုးမြင့်မားမည် ဖြစ်သည်။ အဆိုပါကိစ္စကို HDMI output Reciver နှင့် HDMI input Transmitter ကို တန်ဖိုးနည်း Network cable ကြားခံကာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ ပါဝါ ပိုင်းအတွက် DC 5V အသုံးပြုရမည် ဖြစ်သည်။ အသုံးပြုလိုသူများအနေဖြင့် Ko Beno Mobile, Game Sale & Service ဖုန်း ၀၉-၇၃၂၂၄၉၈၉ နှင့် ၀၁-၃၈၀၅၃၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်းဝယ်ယူနိုင်မည် ဖြစ်သည်။