E-Cigarette

E---Cigarette.jpg

ဆေးလိပ်မကောင်းကြောင်း သိသူများ၊ အကြောင်းကြောင်းကြောင့် ဆေးလိပ်ဖြတ်ချင်သူများ အဆင်ပြေစေမည့် Electronic Cigarette ဖြစ်သည်။ ပုံမှန်စီးကရက်တစ်လိပ်လို နှုတ်ခမ်းဖျားတွင် တပ်ဆင်သောက်သုံး
ရမည်ဖြစ်ပြီး ဆေးရည်ကို ဆေးလိပ်၏ အစီခံပိုင်းတွင် ထည့်ပြီး သုံးရမည် ဖြစ်သည်။ ပုံမှန်ဆေးလိပ်၊ စီးကရက်နှင့် ဆေးပြင်းလိပ်အရသာများ ရနိုင်သလို မင်သော်အရသာ အပါအဝင် သစ်သီးမျိုးစုံ၏ အရသာများ ကိုလည်း ဆေးရည်ဘူးမျိုးစုံဖြင့် ရရှိနိုင်မည် ဖြစ်သည်။ ပုံမှန်အတိုင်း ဆေးလိပ်ဖွာနိုင်၊ မီးလင်း၊ အငွေ့ ထွက်မည် ဖြစ်သည်။ ကောင်းမွန်ချက်အနေဖြင့် လူကို အန္တရာယ်ပေးသော နီကိုတင်းဓာတ် လုံးဝ မပါသည့် အတွက် ဆေးလိပ်အစားထိုးသောက်သုံးပြီး ဆေးလိပ်ဖြတ်နိုင်မည်ဟု သိရသည်။ အားသွင်းဓာတ်ခဲပါဝင်ပြီး DC 5V ဖြင့် အားပြန်သွင်းကာ အသုံးပြုနိုင်သည်။ အားသွင်းစက်လည်း ပူးတွဲ ပါဝင်သည်။ ဘောပင်
တစ်ချောင်းပုံစံလို ထုတ်လုပ်ထားပြီး အင်္ကျီအိတ်တွင် ချိတ်ထားနိုင်သည်။ ဆေးရည်တစ်ဘူးတွင် 12mg ပါဝင်ပြီး ပူးတွဲပါဝင်သော ဆေးရည်ကုန်ပါက နောက်ထပ် အရသာသစ်လိုပါက ထပ်ဝယ်နိုင်မည် ဖြစ်သည်။ စီးကရက်ပုံစံဖြင့် အရသာအလိုက် ကျပ် ၂၀,၀၀၀ ကျော်မှ ၅၀,၀၀၀ ဝန်းကျင်အထိရှိပြီး တော်ဝင်စင်တာ ဒုတိယထပ် အမှတ် ၃၀၇၅၊ ဖုန်း ၈၆၀၀၀၀၉ (လိုင်းခွဲ-၃၀၇၅) နှင့် ၀၉-၄၂၁၁၁၄၆၈၀ ၌ ဆက်သွယ်ဝယ် ယူနိုင်မည် ဖြစ်သည်။