Google Location History Record ကို Disable ပြုလုပ်ခြင်း

xb9bHXX.jpg

မိမိရဲ့Mobile Device တွေကနေ Location ကို Google က Record ပြုလုပ်နေတာကို မလိုချင်တဲ့ သူတွေအနေနဲ့ Location Service တွေကို Android OS မှာ ရော iOS မှာပါ ပိတ်ထားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Privacy တွေကို  ကာကွယ်ချင်သူတွေအနေနဲ့ Google Location History Record ကို ပိတ်ထားချင်တယ်ဆို ရင် အောက်ဖော်ပြပါ နည်းလမ်းတွေအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

iOS အသုံးပြုသူတွေအနေနဲ့ကတော့ Google Map ကို အသုံးပြုပြီး Location Service ကို ပိတ်ရမှာ ဖြစ်ပါတယ်။ Google Map ကို ဖွင့်လိုက်ပါ။ ဘယ် ဘက်ထောင့် အောက်ဘက်နားမှာရှိတဲ့ Side Menu Icon ကို နှိပ်ရမှာ ဖြစ်ပါတယ်။ အဆိုပါ Icon ကိုနှိပ်လိုက်ရင် Settings ထဲကို ရောက်သွားမှာဖြစ်ပြီး ၊ Settings အောက် က Location History ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Location History ထဲကို ရောက်ရင် Location Reporting နဲ့ Location History မှာ Do Not Report နဲ့ Do Not Store ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် iOS Device တွေမှာ Google Location Service ကို Disable ပြုလုပ်ပြီးပြီ ဖြစ်ပါတယ်။

Android OS ပေါ်ကနေ Google Location Service ကိုပိတ်ဖို့အတွက် Settings ထဲကို သွားရ မှာ ဖြစ်ပါတယ်။ Settings Accounts & Sync အောက်မှာ Google ကိုရွေးချယ် ပေးရမှာဖြစ်ပါတယ်။ ပြီးသွားရင် Location ဆိုတာကို ရွေးချယ်ပြီး Google Location Reporting နှိပ်လိုက်ရမှာ ဖြစ်ပါတယ်။ အဆိုပါ နေရာမှာ Location Reporting ကို Off ထားရမှာ ဖြစ်ပါတယ်။

Location Record တွေကို ပိတ်ထားတဲ့အတွက် တစ်ခါတစ်ရံမှာတော့ မိမိဖုန်း ပျောက်ဆုံးသွားတဲ့အခါမှာ Google Account ကနေပြီး မိမိဖုန်းကို ခြေရာခံလို့ရတော့မှာ မဟုတ်ပါဘူး။ Location Record ကို ဖွင့်ထားတယ်ဆိုရင် http://goo.gl/dIr4TK ဖော်ပြထားတဲ့ ဝက်ဘ်ဆိုက်ကနေ မိမိဖုန်းကို ခြေရာခံရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ အထက်ဖော်ပြထားတဲ့ ဝက်ဘ်ဆိုက်မှာ မိုဘိုင်းဖုန်းက အင်တာနက်ကို နောက်ဆုံးဘယ်အချိန်ထိ အသုံးပြုခဲ့တယ်။ လက်ရှိအင်တာနက် အသုံးပြုနေတယ် ဆိုရင် အဆိုပါဖုန်းရဲ့ တည်နေရာကို မြေပုံမှဖော်ပြပေး နိုင်သလို၊ ဖုန်းကိုလည်း Lock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ Data တွေကိုအခြားသူ မသိစေချင်ဘူးဆိုရင် အဆိုပါ ဆိုက်ကနေ တစ်ခါတည်းဖုန်းအတွင်းမှ Data တွေကို လှမ်း၍ ဖျက်ပစ်နိုင်မှာ ဖြစ်ပါတယ်။ အထက်ပါ ဝန်ဆောင်မှုကတော့ Android OS အသုံးပြုသူများအတွက်သာ ဖြစ် ပါတယ်။