11 th gen သုံး Aspire 5G (A515) i7 Laptop

Intel 11th Gen CPU ဖြစ်တဲ့ i7-1165G7 Processor သုံးထားတဲ့ Aspire 5G (A515 ) i7 Laptop နှစ်မျိုး ပြည်တွင်းစျေးကွက်ထဲ ဝင်ရောက်လာပါတယ်။ 8GB DDR4 Memory နဲ့ NVIDIA GeForce MX350 2GB VRAM ပါဝင်တဲ့ Aspire 5(i7) မှာ Storage 1TB HDD ပါတဲ့ မော်ဒယ်နဲ့ 128GB SSD + 1TB HDD ပါတဲ့မော်ဒယ် ဆိုပြီး ၂ မျိုး ရွေးချယ်လို့ရမယ်။

CPU အနေနဲ့ Intel® CoreTM i7-1165G7 Processor( 12MB Cache, 2.80 GHz up to 4.70GHz ) ဖြစ်ပါတယ်။ နှစ်မျိူးစလုံးရဲ့ RAM အပိုင်းမှာ DDR4 memory စနစ်နဲ့ 8GB 3200 MHz အထိ ထောက်ပံ့ပေးထားပါတယ်။ ရုပ်ထွက်နဲ့ ဂိမ်းတွေကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ့် GPU ကိုတော့ GeForce MX350 2GB VRAM နဲ့ရရှိနိင်မှာပါ။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက်ကတော့ 1TB HDD ပါတဲ့မော်ဒယ်နဲ့ 128GB SSD + 1TB HDD ပါတဲ့မော်ဒယ် ဆိုပြီး ၂ မျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Display အနေနဲ့ 15.6″ လက်မ အရွယ်ရှိ FHD Acer ComfyView LED LCD , LED-Backlit ကို အသုံးပြုထားတဲ့အတွက် နေရာမရွေး အလင်းရောင်မရွေးမှာ ရုပ်ထွက်အရည်အသွေး ကောင်းမွန်စွာ ရရှိစေမှာပါ။

အခြားသော စနစ်တွေအဖြစ် USB 2.0, 3.0, Type-C , HDMI, GBLAN, WLAN AX + BT5 စတာတွေလဲ ထောက်ပံ့ပေးထားပါတယ်။ စျေးနှုန်းကလည်း မိမိ အသုံးပြုလိုတဲ့ Storage အပေါ် မူတည်မှာ ဖြစ်ပြီး Acer Aspire 5G ( A515 ) (i7) (11th Gen) – $ 795, Acer Aspire 5G ( A515 ) (i7) (11th Gen) with SSD – $ 825 ကျသင့်မှာပါ။ အရောင်အနေနဲ့လည်း Charcoal black , Silver ဆိုတဲ့ အရောင် ၂ မျိုးနဲ့ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ရွှေလမင်းနဂါး ဖုန်း – ၀၁ ၂၅၅၆၅၅ ကနေ တရားဝင်တင်သွင်းတာ ဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ ရွှေလမင်းရဲ့ မိတ်ဘက်ဆိုင်တွေကနေ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««