Samsung Galaxy V ကံထူးရှင်များအား ဆုချီးမြှင့်ပွဲ ပြုလုပ်

10828094_10203954883412298_4936916922339250079_o.jpg

Samsung ၏ ထုတ်ကုန်တစ်ခုဖြစ်သော Galaxy V ကို ဝယ်ယူအသုံးပြုသူများထဲမှ ကံထူးရှင်များအား ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်ရှိ မင်းတုန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် Samsung Myanmar မှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ဆုမဲပေါက်သူများအား ဆုများကို ချီးမြှင့်ခဲ့သည်။ ဆုမဲများအနေဖြင့် Samsung 2 Doors ရေခဲသေတ္တာ ၃ ဆုကို ဦးထွန်းထွန်းနိုင်၊ ဦးဘမင်းသစ်၊ ဒေါ်သင်းသင်းယု တို့ကဆွတ်ခူးခဲ့ကြပြီး Samsung Galaxy Note-4 ၅ ဆုကို ဒေါ်ငြိမ်းအေး မွန်၊ ဒေါ်မြင့်မြင့်စန်း၊ ဒေါ်တင့်တင့်စိုး၊ ဦးစိုင်းကျော်သူနှင့် ဒေါ်ဇင်မွန်ထက် တို့က အသီးသီးဆွတ်ခူးခဲ့ကြသည်။

အထူးဆုဖြစ်သော Mazda 3 (2014 Brand New Car) ကို တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ်ကွက်နေ ဒေါ်ခင်ဌေးကြွယ်မှ ဆွတ်ခူးခဲ့ပြီး အဆိုပါဆုများကို Samsung မှ တာဝန်ရှိသူများက ချီးမြှင့်ခဲ့သည်။