
Legend of Tell ဂိမ်းသည် iOS ပေါ်တွင် ထည့်သွင်းကစားနိုင်မည့် Game App တစ်ခုဖြစ်သည်။ Adventure Game ကို ကြိုက်နှစ်သက်သူများအတွက် စိတ်တိုင်းကျစေမည့် ဂိမ်းအမျိုးအစား တစ်ခုလည်းဖြစ် သည်။ ဆော့ကစားမည့်သူသည် စွန့်စားသွားလာရသည့် ခရီးလမ်းများတွင် ကြုံတွေ့ သည့်အခက်အခဲများကို ကျော်လွှားပေးရမည် ဖြစ်သည်။
အဆိုပါ ဂိမ်းကို ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၀.၉၉ ဖြင့် ရောင်းချပြီး၊ ယခုအခါမှာတော့ အခမဲ့ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ iOS Version 6.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် App တစ်ခုလည်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။