UCSY IT CAPM အတွက် Online registration ပြုလုပ်နိုင်ပြီ

ရန်ကုန် ကွန်ပျူတာတက္ကသိုလ်၏ ဒုတိယအကြိမ်မြောက်  UCSY IT Camp ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး Online registration အား ဇန်န၀ါရီလ ၅ ရက်မှ စတင်ကာ ပြုလုပ်နိုင်ပြီ ဖြစ် ကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်မှ ကျင်းပပြုလုပ်သော IT Camp ဖြစ်သည့်အတွက် ပြင်ပ IT နည်းပညာ နယ်ပယ်မှ သာမက ကွန်ပျူတာတက္ကသိုလ်ကျောင်း တွင်း၊ ကျောင်းပြင် ကျောင်း သား/သူ၊ ဆရာ/ဆရာမများမှလည်း Speker အဖြစ် ဟောပြောသွားမည်ဖြစ်ကြောင်း သိရှိရသည်။

IT Camp မှာ Barcamp ပုံစံမှ ဆင်းသက်လာခြင်းဖြစ်သည့် အတွက် One to One, One to Many သင်ကြားမှုပုံစံမှ Many to Many အသိပညာ၊ အတတ်ပညာ မျှဝေမှု အတွက် ကျင်းပသည့်ပွဲ ဖြစ်သည်။ Speaker များမှ IT နည်းပညာနှင့် သက်ဆိုင်သော ခေါင်းစဉ်များဖြင့်သာ ဟောပြောဆွေးနွေး သွားမည်ဖြစ်ပြီး  IT နှင့် မပတ်သက် သော ခေါင်းစဉ်များဖြင့် ဟောပြောခြင်း မဖြစ်ရအောင်လည်း IT Camp မှ လုပ်ဆောင်သွားမည်ဟု သိရသည်။

IT CAMP တွင် ပါဝင်ဆွေးနွေးလိုသူများအနေဖြင့်  online registration ဖြင့် သော်လည်းကောင်း၊ sanjay.ttg@gmail.com သို့ Mail ဖြင့်သော်လည်းကောင်း UCSY IT Camp 2015 Speker အဖြစ် Comfirm လုပ်နိုင်မည် ဖြစ်သည်။