Facbook ကို လူကြီးများက အသုံးပြုကြပြီး လူငယ်များက Instagram ကို ပိုမိုအသုံးပြု ကြကြောင်း Pew စစ်တမ်းဖောá

10410690_10152652093472825_2654427758633488654_n.jpg

ကမ္ဘာတစ်ဝန်းရှိ အသက်အရွယ်ကြီးမြင့်သူများသည် Facebook ကို ပိုမိုအသုံးပြုလာပြီး လူငယ်များစွာက Instagram ကို အသုံးပြုမှု များပြားလာနေကြောင်း Pew သုတေသနစင်တာမှ ထုတ်ပြန်သွားခဲ့သည်။

အင်တာနက်အသုံးပြုသူ အသက် ၆၅ နှစ်အထက် လူကြီး ၅၆ ရာခိုင်နှုန်းသည် Facebook ကို အသုံးပြုနေကြပြီး ၎င်းအနက်မှ ၃၁ ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံရှိ လူကြီးများ၏ Facebook အသုံးပြုသည့် နှုန်းဖြစ်ကြောင်း အဆိုပါ စစ်တမ်းတွင် ဖော်ပြခဲ့သည်။

Selfie ဓာတ်ပုံရိုက်ကူခြင်းကို နှစ်သက်ကြသည့် အသက် ၁၈ နှစ်မှ ၂၉ နှစ်အရွယ်အထိ လူငယ်လူရွယ် ၅၃ ရာခိုင်နှုန်းခန့်သည် Instagram ကို အသုံးပြုကြကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ ၎င်းသုတေသနစစ်တမ်းတွင် Instagram, Twitter, Pinterest နှင့် LinkedIn တို့ကို အသုံးပြုမှုသည် နှစ်အနည်းငယ်အတွင်း ပိုမိုတိုးတက်လာကြောင်းလည်း ဖော်ပြခဲ့သည်။ ထို့အပြင် Facebook သည် လက်ရှိတွင် ရေပန်းအစားဆုံး လူမှုရေးမီဒီယာတစ်ခုအဖြစ် ရပ်တည်နေလျက်ရှိကြောင်း Pew ၏စစ်တမ်းအရ သိရသည်။

ယခုသုတေသနစစ်တမ်းသည် အမေရိကန်နိုင်ငံရှိ ၈၁ ရာခိုင်နှုန်းသော လူငယ်လူရွယ်များ၏ အင်တာနက် အသုံးပြုမှုအပေါ် အခြေပြု၍ ကောက်ယူထားခြင်းခြင်းဖြစ်ကြောင်း Pew သုတေသနစင်တာ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Ref: Engadget