Terrorblade The Demon Marauder

internet-journal-terrorblade.jpg

v6.67 မြေပုံကစလို့ ယခု နောက်ဆုံးထွက်ထားတဲ့ v6.83 မြေပုံအထိ Update တိုင်းမှာ မပါမဖြစ်ပါလေ့ရှိပြီး Major Change, Minor Change များ မကြာခဏ ပြောင်းပေးနေရသည့်တိုင် ခေတ် အဆက်
ဆက် ပြောင်းလဲနေတဲ့ Meta များအရ လူကြိုက်များတဲ့ Carry Hero တစ်ကောင်အဖြစ် ရပ်တည်လျက်ရှိတဲ့ Terrorblade The Demon Marauder ဟာ Dota 1 တုန်းက Anti-Mage နဲ့ ညီအစ်ကို ဖြစ်ခဲ့ဖူးသော Soul Keeper လို့ လူသိများတဲ့ Hero တစ်ကောင် ဖြစ်ပါတယ်။ Dota 1 တုန်းက Sand King, Skeleton King နဲ့ Soul Keeper တို့ဟာ SK ဆိုတဲ့ စာလုံး အတိုကောက်ခေါ်ဆိုမှု တူညီနေတဲ့အတွက် Dota 2 မှာတော့ Skeleton King ကို Wraith King (WK) နဲ့ Soul Keeper ကိုလည်း Demon Marauder (DM) ဆိုပြီး ပြောင်းလဲခေါ်တွင်စေခဲ့ပါတယ်။ ဒါပေမဲ့ လူကြိုက်များပြီးသားဖြစ်တဲ့ Agility Hard Carry Pusher တစ်ကောင်ဖြစ်တဲ့ သူ့ကို ကစားသမားတိုင်းက Demon Marauder လို့ လူသိမများဘဲ Terrorblade လို့ပဲ ခေါ်တွင်နေကြဆဲပဲ ဖြစ်ပါတယ်။

Background Story
Terrorblade လို့ အမည်ရတဲ့ မိစ္ဆာအဖျက်သမားဟာ မိစ္ဆာတိုင်း ပြန်လည်ကြောက်ရွံ့ရတဲ့ မိစ္ဆာဥပဒေရဲ့ အပြင်ဘက်က ဝရမ်းပြေးမိစ္ဆာတစ်ကောင် ဖြစ်ပါတယ်။ သူဟာ ငရဲတိုင်းပြည် (၇) ခုက ငရဲမင်းတွေကိုတောင်
ဂရုမစိုက် လျစ်လျူ ရှုထားပြီး ၎င်းတို့ ကိုးကွယ်တဲ့ ငရဲပလ္လင်များကို တစ်ခုမကျန်ဖျက်စီးပြီး ငရဲကြီး (၇) ထပ်ရဲ့ ဥပဒေတွေကိုလည်း စိတ်ရှိတဲ့အတိုင်း အကုန်လုံး ချိုးဖောက်ဖျက်ဆီးပစ်ပါတယ်။ သူ့ရဲ့ ခံယူချက် တစ်ခုကတော့ ငရဲပြည်ဖြစ်နေရင်တောင်မှ ငရဲအရသာကို ခံရစေမယ့် ခံယူချက်ဖြစ်ပါတယ်။ အချိန်တိုလေးအတွင်းမှာပဲ ငရဲတိုင်းပြည်တိုင်းရဲ့ အသက်ပေါင်းများစွာကို ဇီဝိန်ချုပ်ခဲ့တဲ့နောက်မှာတော့ Terrorblade ဟာ အလွန်ဆိုးသွမ်းတဲ့ မိစ္ဆာဆိုးများကိုသာ ဖမ်းဆီးချုပ်နှောင်ရတဲ့ Foulhell လို့ အမည်ရတဲ့ မိမိရဲ့ဝိညာဉ်ထဲမှာပဲ မိမိကို ပြန်လည်ချုပ်နှောင်တဲ့ နယ်မြေမှာ အချုပ်နှောင်ခံလိုက်ရပါတော့တယ်။

တကယ်တော့ Foulhell ဟာ သာမန် အကျဉ်းထောင်တစ်ခု မဟုတ်ပါဘူး။ အမှန်တရားများကို ပြောင်းပြန်မြင်ရမယ့် အမှောင်ထုမှန်များ ပတ်လည်ဝန်းရံနေတဲ့ နေရာဖြစ်ပြီး မိစ္ဆာတွေဟာ ၎င်းတို့ရဲ့ မိမိရဲ့ ဝိညာဉ်နဲ့ မိမိ
ကိုယ်ကို ထာဝရ ပြန်လည်နှိပ်စက်နေရမယ့် စိတ်အလုံပိတ် အကျဉ်းထောင်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Terrorblade အတွက်တော့ အပြစ်ဒဏ်ခံရမယ့်အစား သူ့ကိုနှိပ်စက်မယ့် သူ့ရဲ့ပြောင်းပြန် စိတ်ဝိညာဉ် ကို ဒေါသ၊ ရက်စက်ကြမ်းကြုတ်မှုတို့ ပိုမို တိုးပွားများပြားလာအောင် ကျွမ်းကျင်စွာ ထိန်းချုပ်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ ဝိညာဉ်ဟာ ထင်မထားလောက်တဲ့ အဖျက်စွမ်းအားတွေကို ရရှိခဲ့ပြီး Foulhell ရဲ့ အမှောင် ထုမှန်များကို ရိုက်ခွဲ လွတ်မြောက်သွားခဲ့ပြီး နောက်မှာတော့ သူ့ရဲ့ အဖျက်စွမ်းအားများကို သက်ရှိဖြစ်တည်မှုတိုင်းကို ဖျက်ဆီးဖို့အတွက် တစ်ဖန် ပြန်လည်လွတ်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

Overview
Terrorblade ဟာ Carry မှာမှ Hard Carry အမျိုးအစားဖြစ်ပြီး အစောပိုင်းမှာ Item ရှာဖို့လိုအပ်ပြီး သင့်တင့်တဲ့ Item ရသွားတဲ့ အခြေအနေမှာလည်း Pusher ကောင်း တစ်ကောင်လို သုံးနေသလို Team Fight
မှာလည်း Physical Damage အမြောက်အမြားကို ပေးနိုင်တဲ့ Hero တစ်ကောင် ဖြစ်ပါတယ်။ Terrorblade ဟာ များပြားတဲ့ Base Armor ကို ပိုင်ဆိုင်ထားပေမယ့် အလွန်နည်းပါးတဲ့ Strength Grow နဲ့ မဖြစ်စလောက် Hp Amount နဲ့ အစပြုရမှာဖြစ်တဲ့အတွက် ကစားပွဲအစောပိုင်းမှာ တစ်ဖက်အသင်းရဲ့ Spell Caster တွေရန်က လွတ်အောင်နေနိုင်ဖို့အရေးကြီးပါတယ်။ Illusion Base Hero တစ်ကောင်ဖြစ်တဲ့ အလျှောက် မိမိရဲ့ Illusion တွေမှာ Damage တက်ဖို့အတွက် Base မှာ Damage ပေါင်းနိုင်သော Attribute တိုးတဲ့ Item တွေ လိုအပ်တဲ့အတွက် များသောအားဖြင့် Eye of Skadi, Manta Style, Sange and Yasha ကဲ့သို့သော Item တွေကို ရွေးချယ်ပေးရလေ့ရှိပါတယ်။ ဒါပေမဲ့လည်း IceFrog ဟာ လက်ရှိကြုံတွေ့နေရတဲ့ RAT Doto meta ကြောင့် Illusion Unit တွေအနေနဲ့ Tower တွေကို တိုက်ခိုက်တဲ့အခါမှာ 25% Damage လျော့နည်းနေအောင် ပြောင်းလဲထားတဲ့အတွက် Illusion နဲ့ အသက်ဆက်ရတဲ့ Terrorblade အတွက် သတင်းဆိုးတစ်ခုဖြစ်ပေမယ့် Dota ရဲ့ ရှားရှားပါးပါး Base Attack Time 1.5 ရှိတဲ့ Hero တစ်ကောင်ဖြစ်လို့ Attack Speed က သာမန် Hero တွေထက် မြန်လေ့ရှိတဲ့အတွက် ဘယ်လောက်လျှော့လျှော့အားသာချက်ရှိနေတဲ့ Hero တစ်ကောင် ဖြစ်ပါတယ်။

Abilities
Terrorblade ရဲ့ Metamorphosis နဲ့ Conjure Image ပြီးမှ နောက်ဆုံးတင်လေ့ရှိတဲ့ Reflection ဟာ Slow Target Ability တစ်ခုဖြစ်ပါတယ်။ အသုံးပြုခံရတဲ့ Unit ရဲ့ ဘေးနားမှာ ထိန်းမလို့မရသလို ပြန်လည်
တိုက်ခိုက်လို့မရတဲ့ Illusion တစ်ခုပေါ်လာစေမှာ ဖြစ်ပါတယ်။ အဆိုပါ Illusion ဟာ 522 Movement Speed ရှိပြီး Duration မကုန်မချင်း အသုံးပြုခံရတဲ့ Unit ကို လိုက်လံတိုက်ခိုက်မှာ ဖြစ်ပါတယ်။ ဘယ်နှစ်ဆင့်
ယူယူ 60% Movement Speed Slow နဲ့ 60 Attack Speed Slow ကို ခံစားရမှာဖြစ်ပေမယ့် အဆင့်တင်လိုက်တဲ့ Illusion ရဲ့ Damage Deal မယ့် ပမာဏတိုးလာမယ့်အပြင် Duration ဟာလည်း 2.5 Seconds မှာ 5.5 Seconds အထိ တိုးလာရုံမက Cooldown ဟာလည်း 22 seconds မှ 10 seconds အထိ ကျသွားမှာ ဖြစ်ပါတယ်။ ပုံသေ 275 Cast Range ရှိလို့ အနီးကပ်အသုံးပြုပေးဖို့ လိုပေမယ့် အစောပိုင်းမှာ ဦးစားပေးတင်ဖို့ မလိုပါဘူး။ ကစားပွဲနောက်ပိုင်းမှာ တစ်ဖက်အသင်းရဲ့ Item လောက်လောက်ငှငှ ရနေပြီဖြစ်တဲ့ Carry Hero အပေါ်ကို တစ်ခေါက်လောက် သုံးပေးရုံနဲ့ အလွန်ထိရောက်တဲ့ Counter တိုက်ခိုက်မှု တစ်ခုကိုပေးမယ့် Reflection ဖြစ်ပါတယ်။

Illusion အဓိက Hero တစ်ကောင်အဖြစ် သတ်မှတ်စေမယ့် Conjure Image ဟာ ပုံသေ Cooldown 16 seconds နဲ့ Duration 32 Seconds ရှိတဲ့အတွက် အလွန်ဆုံး 2 Illusion သာ ထုတ်ထားနိုင်မယ့် Illusion Ability တစ်ခု ဖြစ်ပါတယ်။ အဆင့် တင်လိုက်တိုင်းမှာ Illusion တွေရဲ့ Damage Deal ဟာ 30% ကနေ 60% အထိ တိုးသွားမှာဖြစ်တဲ့အတွက် ဒုတိယဦးစားပေး တင်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Conjure Illusion တွေဟာ အခြား Hero တွေရဲ့ Illusion တွေထက် သိသိသာသာပျော့အောင် 425% Damage Taken ရှိတဲ့အတွက် အားနည်းသယောင် ထင်ရပေမယ့် သူ့ရဲ့ တတိယ Ability ဖြစ်တဲ့ Metamorphosis ရဲ့  လွန်ကဲတဲ့ အားသားချက်များကြောင့် လိုက်လျောညီထွေဖြစ်အောင် လျှော့ထားရခြင်းပဲ ဖြစ်ပါတယ်။  တတိယ Ability Metamorphosis ပြောင်းထားချိန်မှာ Conjure Image သုံးခဲ့မယ်ဆိုရင် ထွက်ပေါ်လာမယ့် Illusion ဟာ Metamorphosis Form ဖြစ်နေပါလိမ့်မယ်။

Terrorblade ရဲ့ Trademark Ability တစ်ခုဖြစ်တဲ့ Metamorphosis ဟာ Melee Hero Terrorblade ကို 550 Attack Range ရှိတဲ့ Hero တစ်ကောင်အဖြစ် ပြောင်းလဲသွားစေမှာဖြစ်ပြီး အဆင့် တင်လိုက်တိုင်းမှာ
20/40/60/80 Physical Damage ကိုလည်း ရရှိဦးမှာ ဖြစ်ပါတယ်။ အားသာချက်ကတော့ အဆိုပါ Bonus Damage ဟာ Raw Damage အမျိုးအစား မဟုတ်ဘဲ Base မှာသွားပေါင်းမယ့် Bonus Damage
အမျိုးအစားဖြစ်လို့ သူ့ရဲ့ Illusion တွေမှာ သိသိသာသာ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ပုံသဏ္ဌာန်ပြောင်းဖို့အတွက် 0.35 second ကြာမြင့်မှာ ဖြစ်ပေမယ့် အဆိုပါ အချိန်အတွင်းမှာ Terrorblade အပေါ်ကျရောက်လာမယ့် အဝေးပစ် Projectile များအားလုံးကို အချိန်ကိုက် ရှောင်တိမ်းနိုင်မှာ ဖြစ်ပါတယ်။ Attack Range နဲ့ Bonus Damage ကို ရရှိမှာဖြစ်ပေမယ့် 25 Movement Speed နဲ့ 0.1 Base Attack Time ကို စတေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Melee Form နဲ့ယှဉ်ရင် Movement Speed နဲ့ Attack Speed လျော့သွားပေမယ့် မဆိုသလောက်လေး ဖြစ်တဲ့အတွက် Mana Cost 50 သာ ကုန်ကျတဲ့ Metamorphosis ဟာ တိုက်ခိုက်မှု တစ်ခုခုပြုတဲ့အခါမှသာ သုံးသင့်သော Cooldown 140 Seconds တောင်ရှိတဲ့ Self Ability တစ်ခု ဖြစ်ပါတယ်။

Ultimate Sunder ဟာ ပွဲနောက်ပိုင်းအထိ အသုံးဝင်တဲ့ Single Target Ability တစ်ခု ဖြစ်ပါတယ်။ Terrorblade ရဲ့ လက်ရှိ Hp နဲ့ Target Enemy ရဲ့ လက်ရှိ Hp ကို 0.35 second အတွင်းမှာ တစ်မဟုတ်ခြင်း
လဲလှယ် ပစ်လိုက်မှာဖြစ်တဲ့အတွက် ကစားပွဲရလဒ်ကို လုံးဝပြောင်းသွားနိုင်တဲ့ Ability တစ်ခု ဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ Sunder သုံးပြီး Hp လဲလှယ်တဲ့အခါမှာ အနည်းဆုံး 20% ထက် ပိုမလျော့တဲ့ အချက်ပဲ ဖြစ်ပါတယ်။ 1 Hp ရှိတဲ့ Terrorblade ဟာ Hp အပြည့် 2000 ရှိတဲ့ Hero နဲ့ လဲလှယ်တဲ့ အခြေအနေမျိုးမှာ Enemy Hero ဟာ 1 Hp ဖြစ်သွားမှာ မဟုတ်ဘဲ ၎င်းရဲ့ Max Hp 2000 ရဲ့ 20% = 400 Hp တော့ အနည်းဆုံး ကျန်မှာ ဖြစ်ပါတယ်။ 325 Cast Range Magic Immune Unit တွေကို အသုံးပြုလို့ရတဲ့အတွက် တစ်ဖက်အသင်းက Melee Carry Hero တစ်ကောင်ကို အလွယ်တကူ Counter လုပ်နိုင်မယ့် နောက်
ဆုံးအဆင့် 40 Cooldown 0 Mana Cost ရှိတဲ့ ထူးထူးခြားခြား Ultimate တစ်ခုပဲ ဖြစ်ပါတယ်။

Terrorblade ဟာ Illusion Base Hero ဖြစ်တဲ့အလျောက် Base Damage တက်စေမယ့် Attribute Item တွေကိုပဲ ဦးစားပေး စဉ်းစားဖို့ လိုအပ်ပါတယ်။ ကစားပွဲအခြေအနေအရ သာရင်သာသလို Eye of
Skadi ကဲ့သို့ Item မျိုးကို အစောဆုံး ရွေးချယ်သင့်ပေမယ့် တစ်ဖက်အသင်းက သင့်ကို စောင့်ကြည့်နေတဲ့ အခြေအနေမျိုးမှာ လွယ်လွယ်စပ်လို့ရတဲ့ Yasha ကနေတစ်ဆင့် Sange and Yasha သို့မဟုတ် Manta Style ကဲ့သို့ Item မျိုးကို ရွေးချယ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဖော်ပြခဲ့တဲ့ Unitque Attack Modifier အရ Eye of Skadi ဟာ Lifesteal  Item များနဲ့ တွဲဖက် သက်ရောက်တဲ့အတွက် Hp ပမာဏ
နည်းတဲ့ Terrorblade အတွက် Satanic ကဲ့သို့ Item ကြီးမျိုးကိုလည်း ပဉ္စမမြောက် Item အဖြစ် ရွေးချယ်နိုင်ပါတယ်။ Power Tread + Skadi + Manta ကဲ့သို့ Attribuite အလုံအလောက် ရသွားတဲ့ အခြေအနေမျိုးမှာတော့ Black King Bar ကို မမေ့သင့်ပါဘူး။ ပြီးမှ Stanic, Heart, Butterfly, Monkey King Bar, Daedalus, Assult Curiass နဲ့ Mjollnir တို့ကို စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ Base Attack Time နည်းပါးခြင်းက အခြားသော Hero တွေထက် Attack Speed Item ထည့်ခြင်းက ပိုမိုတန်ပြီး အားသာချက်ရှိကြောင်းကိုလည်း မမေ့သင့်ပါဘူး။  အရင်ကလူ ကစားများခဲ့တဲ့ Shadow Blade + Dagon ပုံစံမျိုးကိုလည်း မိမိကစားမယ့်ပွဲရဲ့ အဆင့်အရ ပြောင်းလဲရွေးချယ်နိုင်သလို ပွဲစောစောဖြတ်ဖို့ အစီအစဉ်ရှိရင်လည်း Power Trade + Drum နဲ့ Lane Push ပြီးကစားတဲ့ ကစားကွက်ကိုလည်း အသုံးပြုနိုင်ပါတယ်။

Terrorblade ဟာ Armor အဆမတန်များပြားတဲ့ Hero တစ်ကောင် ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကို Physical Damage တစ်မျိုးတည်းနဲ့သာ တိုက်ခိုက်နိုင်မယ့် Tower များဟာ Terrorblade အတွက် အစာများဖြစ်ပေမယ့် တစ်ဖက်မှာလည်း Hp နည်းတဲ့ Ter-rorblade ဟာ Lina, Lion, Zeus, Ogre Magi, Necrophos ကဲ့သို့သော Nuker များရဲ့ အစာ ပြန်ဖြစ်နေတတ်ပါတယ်။ Metamor-phosis မသုံးဘဲ အချိန်ရရင် ရသလို ထုတ်ထားမယ့် Conjure Image များကို Lane ပေါ်ထွက်စားခိုင်းထားပြီး မိမိရဲ့ Terrorblade အစစ်ကို  Jungle ထဲမှာ လွတ်လွတ်ကျွတ်ကျွတ် Farm ခြင်းက Item လိုတဲ့ Hard Carry တစ်ကောင်ကို ပိုက်ဆံမြန်မြန်ရစေမယ့် အခြေခံ ကစားကွက်တစ်ခုပဲ ဖြစ်ပါတယ်။

အသင်းသားတွေရဲ့ စည်းလုံးမှုပေါ်မှာလည်း  အထိုက်အလျောက် မှီခိုနေရတဲ့ Terrorblade ဟာ Item လုံလုံလောက်လောက်ရှိမှ Teamfight ဝင်သင့်တဲ့ Hard Carry Hero တစ်ကောင် ဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အလိုက်ဖက်ဆုံး ဖြစ်ပါလိမ့်မယ်။