Ubuntu OS တွင် Budgie Desktop Environment ကို ထည့်သွင်းခြင်း

how-to-install-budgie-desktop-budgie-settings.jpg

Ubuntu OS အသုံးပြုသူတွေ အနေနဲ့ ပုံမှန် အသုံးပြုနေကျ Desktop ရဲ့ သွင်ပြင်ကို အသုံးမပြုချင်တော့ဘူး ဆိုရင် Budgie ကို ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Budgie မှာပါဝင်တဲ့ထူးခြားတဲ့သွင်ပြင်နဲ့ သုံးစွဲသူ စိတ်တိုင်းကျစေမယ့် icon အမျိုးအစားတွေကို Gnome 3 ပေါ်မှာ အခြေခံကာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Budgie ကို ထည့်သွင်း အသုံးပြုလိုတယ်ဆိုရင် အောက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Budgie Desktop Environment ကိုထည့်သွင်း အသုံးပြုဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ၊ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့  အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-getupdate ဆိုတဲ့ Command နဲ့ Package  တွေကို အရင်  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

 နောက်တစ်ဆင့်ကတော့ Budgie  ကို Install ပြုလုပ်ဖို့ အတွက် Terminal မှာ ဖော်ပြပါCommand တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo add-apt-repository ppa:evolve-os/ppa

sudo apt-get update

sudo apt-get install budgie-desktop စတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပြီးသွားပြီး လုပ်ငန်းပြီးဆုံးပြီဆိုရင် မိမိရဲ့ Ubuntu OS ကို Restart ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

အကယ်၍  အသုံးမပြု လိုတော့ဘူးဆိုရင် sudo apt-get removebudgie-desktop ဆိုတဲ့ Command ကို အသုံးပြုပြီး Budgie ကိုဖယ်ရှား ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ နည်းလမ်းမှာ Ubuntu OS  တွင် Budgie ကို ထည့်သွင်းတဲ့နည်းလမ်း ဖြစ်ပါတယ်။ အကယ်၍ Fedora,OpenSUSE, Arch Linux အစရှိတာတွေမှာ ထည့်သွင်းမယ်ဆိုရင်တော့ Command အပြောင်းအလဲ ရှိနိုင်မှာ ဖြစ်ပါတယ်။