i-Link Portable 3G Wireless Router

i-Link-Portable--3G--Wireless-Router.jpg

MPT, Telenor, Ooredoo Sim Card များ ထည့်သွင်းအသုံးပြုနိုင်သည့် ဈေးနှုန်းသက်သာသော i-Link အမှတ်တံဆိပ် Portable 3G Wireless Router ဖြစ်သည်။ အင်တာနက်လိုင်း ပါဝင်သော GSM/WCDMA ဆင်းမ်ကတ်ရှိရုံဖြင့် မိမိတို့၏နေအိမ်များ၊ ရုံးခန်းများနှင့် ဆိုင်များတွင်သာမက ခရီးသွားရင်းဖြစ်စေ၊ အပန်းဖြေခရီးထွက်ရင်းဖြစ်စေ၊ ဖုန်းလိုင်းမိနိုင်သောမည်သည့်နေရာတွင်မဆို တစ်ချိန်တည်းတွင် ငါးဦးအထိ တစ်ပြိုင်နက် အသုံးပြုနိုင်မည့် ဈေးနှုန်းသက်သာသော i-Link အမှတ်တံဆိပ် 3G Router ဖြစ်သည်။ ထူးခြားချက်အနေဖြင့် LCD Display ပါရှိပြီး မိမိတို့အသုံးပြုခဲ့သည့် Data Volume ကို ဖော်ပြပေးမည် ဖြစ်သည်။ လိုင်းဆွဲအား အထူးကောင်းမွန်ပြီး အိတ်ဆောင်အရွယ်အစားသာရှိသည့်အတွက် မိမိနှင့်တစ်ပါတည်း ယူဆောင်သွားနိုင်မည် ဖြစ်သည်။ Network လုံခြုံရေးအတွက် WPA/WPA2-PSK Security Key ပါဝင်သည်။ GSM/WCDMA နှစ်မျိုးစလုံး အသုံးပြုနိုင်သည်။ Rechargeable Battery အမျိုးအစားဖြစ်ပြီး ၅ နာရီကြာ ဆက်တိုက်အသုံးပြုနိုင်ကာ Stand-by အနေဖြင့် ၄၈ နာရီအထိ ထားရှိနိုင်မည် ဖြစ်သည်။ အာမခံ ၆ လပေးထားပြီး ဖုန်း ၀၉-၇၃၁၆၅၁၆၀၊ ၀၁-၃၇၆၂၁၂၊ ၀၁-၃၈၅၅၀၁ နှင့် ၀၁-၂၂၄၅၀၂ သို့ ဆက်သွယ်စုံစမ်းကာ လက်လီ/လက်ကား ဝယ်ယူနိုင်မည် ဖြစ်သည်။