Samsung Galaxy V ကံထူးရှင် ရွေးချယ်ပွဲပြုလုပ်

Samsung မှ ၄င်းတို့၏ထုတ် ကုန်တစ်ခုဖြစ်သော Galaxy V ဝယ်ယူအသုံးပြု သူများအတွက် ကံစမ်းမဲဖွင့်ပွဲအား ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ MICT ဝင်းအတွင်းရှိ Samsung မြန်မာရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကံစမ်းမဲဖွင့်ပွဲမှာ Samsung Galaxy V ဝယ်ယူအသုံး ပြုခဲ့သူများအတွက် ပြုလုပ်ပေးသော ကံစမ်းမဲ ဖွင့်ပွဲဖြစ်ပြီး အဆိုပါပွဲတွင် ဆုမဲပေါင်း ၂၀၀ ကျော်ကို မဲနှိုက်ကာ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာ ၈ ရက်မှ ဒီဇင်ဘာ ၃၁ ရက်ထိ ပြုလုပ်ခဲ့သော Galaxy V အတွက် ကံစမ်းမဲ အစီအစဉ်အား မဲဖောက်ပေး ခြင်းဖြစ်ကြောင်း သိရသည်။ ဆုမဲများအနေဖြင့် အထူးဆု Mazda 3 2014 ကားအသစ် တစ်စီးနှင့်အတူ Samsung Tab3 Lite အလုံး ၁၅၀၊ Samsung ၃၂ လက်မ LED TV အလုံး ၅၀၊ Samsung တံခါးနှစ်ပေါက် ရေခဲသေတ္တာ ၃ လုံး၊ Galaxy Note 4 ၅ လုံးတို့ကို ဆုမဲများအဖြစ် မဲဖောက်ပေးခဲ့ကြောင်း သိရသည်။