Samsung Galaxy A Series ဖုန်းများ မကြာမီဈေးကွက်သို့ ရောက်ရှိမည်

DSCN6057.jpg

Samsung Galaxy A Series ဖုန်းများအား မကြာမီအချိန်တွင် ဈေးကွက်အတွင်း၌ ဝယ်ယူနိုင် တော့မည်ဖြစ်ပြီး Galaxy A Series ဖုန်းများအဖြစ် Galaxy A3, A5 နှင့် A7 ဖုန်းများအား တင်သွင်းရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့ Samsung မြန်မာကနေ Galaxy A Series ဖုန်းတွေကို မကြာခင်အချိန်မှာ ဈေးကွက်ထဲကို ရောင်းချ ပေးသွားတော့မှာ ဖြစ်ပါတယ်။ ရောင်းချတဲ့ နေရာမှာတော့ Galaxy A3 နဲ့ A5 ဖုန်းတွေကို အရင်ဆုံးရောင်းချ ပေးသွားမှာပါ” ဟု Samsung မြန်မာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Galaxy A Series ဖုန်းများအား ဈေးကွက်သို့ တင်သွင်းရောင်းချရာတွင် လတ်တလော ဇန်နဝါရီလအတွင်းတွင် Galaxy A3 နှင့် A5 ဖုန်းများအား စတင်ရောင်းချ ပေးသွားမည်ဖြစ်ပြီး Galaxy A7 မှာမူ ဖေဖောဝါရီ လအတွင်းတွင်မှ စတင်ရောင်းချ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းများ အနေဖြင့် A3 မှာ ကျပ် ၂၉၉,၀၀၀ ဖြစ်ပြီး A5 အား ကျပ် ၃၉၅,၀၀၀ ဖြင့် အသီးသီး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Samsung Galaxy A3 တွင် Quad-core 1.2GHz CPU, 16GB နှင့် 1.5GB RAM မှတ်ဥာဏ်များ ပါဝင်လာမည်ဖြစ်ပြီး Screen အရွယ်အစားမှာ ၄.၅ လက်မရှိမည် ဖြစ်ကြောင်းသိရသည်။ ထို့ပြင် Galaxy A5 မှာ Quad-core 1.2GHz CPU, Internal Memory 16GB, 2GB RAM မှတ်ဥာဏ်များ ပါဝင်လာ မည်ဖြစ်ပြီး Screen အရွယ်အစားမှာ ၅.၀ လက်မရှိမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါ Galaxy A Series ဖုန်းများ မိတ်ဆက်ပွဲ အခမ်းအနားအား ရန်ကုန်မြို့ Myanmar Gallery တွင် ဇန်နဝါရီ ၈ ရက်က ပြုလုပ်ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားတွင် Galaxy A Series ဖုန်းများနှင့် ပတ်သက်သော အကြောင်းအရာများအား ရှင်းလင်းပြောပြခဲ့ပြီး Galaxy Aseries ဖုန်းများအား ကမ်းစမ်းမဲစနစ်ဖြင့် မဲဖောက် ပေးခဲ့ကြောင်း သိရသည်။