Drawing Brush Free

screen480x480.jpeg

Drawing Brush Free ဆိုသည့် App သည် ဓာတ်ပုံများမှတစ်ဆင့် ရေဆေးပန်းချီကဲ့သို့ဖြစ်သွားစေရန်အတွက် ပြုလုပ်ဖန်တီးပေးနိုင်သည့် App တစ်ခုဖြစ်သည်။ iPhone, iPad တို့တွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ် ပြီး ပန်းချီကားတစ်ချပ်တွင် ရေးဆွဲသည့် စုတ်ချက်များကဲ့သို့ ဖြစ်စေရန် ဖန်တီးပေးနိုင်မည့် App တစ်ခု ဖြစ်သည်။

အဆိုပါ App ကို အသုံးပြုခွင့်အတွက် ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းရပြီး၊ ယခုအခါမှာတော့ အခမဲ့ ရယူ သုံးစွဲခွင့်ပြုထားသည်။ iOS Version 5.0 နှင့်အထက်တွင် အသုံးပြုနိုင်မည့် App တစ်ခုဖြစ်သည်။ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာလည်း 30.9 MB ခန့်သာရှိမည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။