NFC ချိတ်ဆက်မှု ပါဝင်လာသည့် SDHC memory card ကို Toshiba မိတ်ဆက်

10929167_10152646245392825_8853998883764278090_n.jpg

Toshiba ကုမ္ပဏီသည် NFC ချိတ်ဆက်မှုပါဝင်သည့် SDHC memory card ကို CES 2015 တွင် မိတ်ဆက်ခဲ့သည်။ ၎င်း memory card ကို 8GB, 16GB နှင့် 32GB ဟူ၍ ဗားရှင်း သုံးမျိုးဖြင့် ရရှိနိုင်မည်ဖြစ်သည်။

ယနေ့ခေတ်တွင် WiFi ချိတ်ဆက်မှုပါဝင်သော memory card များ ထွက်ရှိလာနေသော်လည်း Toshiba မှ မိတ်ဆက်ခဲ့သည့် ထုတ်ကုန်သည် Near Field Communications (NFC) ပါဝင်လာသော ကမ္ဘာ့ပထမဆုံး memory card ဖြစ်ကြောင်း သိရသည်။ ထိုသို့ memory card များတွင် NFC နည်းပညာ ပါဝင်လာသောကြောင့် card အား ထုတ်ကုန်မှ ပြန်လည်ထုတ်ယူစရာ မလိုအပ်ဘဲ အချက်အလက်များကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ Toshiba ၏ NFC memory card အသစ်များကို အသုံးပြုသည့်အခါတွင် NFC ရရှိသည့် Android စမတ်ဖုန်းတွင် Memory Card Preview app ဦးစွာ install ပြုလုပ်ရမည် ဖြစ်သည်။ ၎င်း app သည် NFC memory card ရှိ ဖိုင်များကို ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ app ဖြင့် ကတ်အတွင်းရှိ သိမ်းဆည်းထားသော ဓာတ်ပုံများအပြင် storage မည်မျှအသုံးပြုထားခြင်းကို လည်း ကြည့်ရှုနိုင်သည်။ Toshiba အနေဖြင့် ၎င်း SDHC memory card များအား ဈေးနှုန်း မည်မျှဖြင့်ရောင်းချမည်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

Ref: SlashGear