Psvita new model နှင့် Nitendo DSi ဂိမ်းစက်များကို နှစ်သစ်ကူး အထူးအစီအစဉ်ဖြင့် ရောင်းချမည်

Made in Singapore မှ တင်သွင်းလာသည့်  Psvita new model ဂိမ်းစက်နှင့် Nitendo DSi ဂိမ်းစက်များကို နှစ်သစ်ကူး အထူးအစီအစဉ်ဖြင့် ဈေးလျှော့ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဈေးလျော့ရောင်းချပေးသွားမည့် Psvita new model ကို Sony မှ ထုတ်လုပ်ထားပြီး Wi-Fi အမျိုးအစား ဖြစ်သည်။ ဂိမ်းစက်နှင့်တွဲ၍ အသုံးပြုရမည့် အော်ရီဂျင်နယ်ဂိမ်းခွေများကိုပါ ဝယ်ယူနိုင်သည့်အပြင်
မိမိကြိုက်နှစ်သက်သော ဂိမ်းအမျိုးအစားများကိုလည်း ရက်အနည်းငယ်စောင့်ကာ မှာယူနိုင်မည်ဟု သိရသည်။ ဂိမ်းစက်အရွယ်အစားမှာ ပါးလွှာပေါ့ပါးပြီး ဂိမ်းဆော့ကစားရာတွင် ရုပ်ထွက်ကြည်လင်ပြတ်သားမှု ရှိသည်။ ဂိမ်းစက်နှင့် တွဲဖက်အသုံးပြုနိုင်သော Accessories များကိုပါ အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည်ဟု သိရသည်။ Nitendo မှ ထုတ်လုပ်သော Nitendo DSi ဂိမ်းစက်ကိုလည်း modifield ပြုလုပ်၍ R4 နှင့် Micro SD 2GB ကတ်အပါအဝင် ဂိမ်းဇာတ်လမ်း ၁၀ မျိုး (ဝယ်ယူသူ၏ စိတ်ကြိုက်ဂိမ်း) ကို ထည့်သွင်းပေးပြီး ၂၇၀,၀၀၀ ကျပ်ဖြင့် ရောင်းချ သွားမည် ဖြစ်သည်။ အရောင်အနေဖြင့် အဖြူ၊ အနီ၊ အပြာ၊ အညို ဟူ၍ လေးမျိုး ရှိမည် ဖြစ်သည်။ နှစ်သစ် ၂၀၁၅ ကို ကြိုဆိုသောအားဖြင့် ကလေးငယ်များ ပျော်ရွှင်စွာ ဆော့ကစားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ ဝယ်ယူအသုံးပြုလိုသူများအနေဖြင့်ဖုန်း Ko Beno Mobile, Game Sale & Service ဖုန်း ၀၉-၇၃၂၂၄၉၈၉၊ ၃၈၀၅၃၆ နှင့် ၂၅၆၄၁၇ ၌ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။