Atelier Ayesha Plus: The Alchemist of Dusk

game_review_16-1.jpg

Developer Gust ရဲ့ Atelier Ayesha Plus: The Alchemist of Dusk ဂိမ်းဟာ Alchemy တွေ ရောစပ်ဖန်တီးရတဲ့ Simulation gameplay နှင့် dungeons တွေမှာ ရန်သူတွေနဲ့ တိုက်ခိုက်ရတဲ့ turn based RPG battle gameplay တွေ ပါဝင်တဲ့ RPG ဂိမ်းသစ်ဖြစ်ပြီး Harvest Moon လို Simulation ဂိမ်းတွေ နှစ်သက်သူတွေရော RPG ဂိမ်းပရိသတ်တွေပါ သဘောကျမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ အရင်PlayStation ဂိမ်းစက် exclusive series တွေဖြစ်ခဲ့တဲ့ Hyperdimension Neptunia နဲ့ Fairy Fencer F တို့အနေနဲ့ PC Platform မှာ ၂၀၁၅ အတွင်း ထွက်ရှိတော့မှာဖြစ်ပေမယ့် Atelier Ayesha Plus နဲ့အတူ သူ့မတိုင်ခင်က ထွက်ရှိထားတဲ့ Atelier Rorona, Atelier Totori နှင့် Atelier Meruru လို ဂိမ်းတွေအပြင် အခြားအသစ်ထွက်လာမယ့် Atelier ဂိမ်းတွေကတော့ လောလောဆယ် PlayStation 3 နှင့် PlayStation Vita လိုမျိုး ဂိမ်းစက်တွေမှာပဲ ထွက်ရှိထားသေးလို့ Sony ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ PlayStation ဂိမ်းစီးရီးတစ်ခုအနေနဲ့ ရပ်တည်လျက်ရှိတာ တွေ့ ရမှာပါ။ Atelier Ayesha Plus ရဲ့ Atelier Ayesha Plus ဟာ PlayStation 3 မှာ ထွက်ထားတဲ့ Atelier Ayesha ရဲ့ special edition ဖြစ်ပြီး ပိုခက်တဲ့ difficulty level option တွေ ပါဝင်လာသလို costume နဲ့ side quests အသစ်တွေလည်း ထည့်သွင်းထားတာကို တွေ့ ရပါတယ်။

PlayStation 1 ခေတ်က Atelier Marie ကနေ စတင်ထွက်ရှိခဲ့တာမှာ Atelier Ayesha Plus: The Alchemist of Dusk ဟာ Atelier Series ရဲ့ ၁၄ ခွေမြောက် RPG ဂိမ်းဖြစ်ပေမယ့် အခြား Atlier ဂိမ်းတွေနဲ့ ဇာတ်လမ်းဆက်စပ်မှုမရှိသလို PlayStation 3 မှာပဲ ထွက်ထားတဲ့ သုံးဂိမ်းတွဲ Arland Trilogy နဲ့လည်း ဇာတ်လမ်းမတူတဲ့အတွက် Atelier စီးရီးနှင့် မရင်းနှီးသူတွေလည်း အလွယ်တကူ ကစားနိုင်မှာ ဖြစ်ပါတယ်။
Character designer ကတော့ နာမည်ကြီး illustrator တစ်ယောက်ဖြစ်တဲ့ Hidari ကို အသုံးပြုထားပါတယ်။ Atelier ဂိမ်းတွေအနေနဲ့ အဓိက ဇာတ်ကောင်ကို အသားပေးလေ့ရှိတဲ့ ဇာတ်လမ်းတွေများပြီး Atelier Ayesha Plus ဂိမ်းရဲ့အဓိကဇာတ်လိုက်ကတော့ Ayesha Altugle ဖြစ်ပြီး Alchemist နှင့် Herbalist တစ်ယောက်ဖြစ်ကာ နေ့စဉ် လိုအပ်တဲ့ နေရာမျိုးစုံမှာရော၊ တိုက်ပွဲတွေမှာပါ အသုံးဝင်နိုင်မယ့် Item မျိုးစုံကို ဖော်စပ်နိုင်သူ ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ Ayesha အနေနဲ့ သစ်တောအတွင်း လိုအပ်တဲ့ ဆေးပင်တွေ ရှာဖွေရင်း ပျောက်ဆုံးသွားတဲ့ ညီမဖြစ်သူ Nio Altugle ကို လိုက်လံရှာဖွေရပုံကို main quest တစ်ခုအဖြစ် ဇာတ်လမ်းဆင်ထားပြီး side quests ပေါင်းများစွာ၊ အခြား party member ဇာတ်ကောင်ပေါင်းများစွာနဲ့ ဇာတ်လမ်းဆင်ထားပါတယ်။ Ayesha နဲ့အတူ ရှေးဟောင်း artifacts တွေ တူးဖော်ရောင်းချတဲ့ Regina Curtis၊ မပျံတတ်တဲ့ ချစ်စရာစုန်းမလေးဖြစ်တဲ့ Wilbell voll Erslied အစရှိတဲ့ ဇာတ်ကောင်တွေက လမ်းခရီးတစ်လျှောက် လိုက်လံကူညီကြမှာဖြစ်ပြီး တိုက်ပွဲပိုင်းမှာ turn based RPG gameplay ဖြစ်လို့ party member တွေကိုပါ အမိန့်ပေးထိန်းချုပ်နိုင်မှာပါ။

Gameplay ပိုင်းကတော့ ingredients တွေ မျိုးစုံစပ်ရတဲ့ Alchemy gameplay နဲ့ လိုအပ်တဲ့ ingredients တွေရှာဖို့ Dungeon တွေ၊ သစ်တောတွေအတွင်း လိုက်ရှာရတဲ့အခါမှာ ရန်သူတွေ၊ သတ္တဝါဆိုးတွေနဲ့ တိုက်ခိုက်ရတဲ့ Battle gameplay တွေ ပါဝင်ပါတယ်။ ရန်သူတွေနဲ့ အလှည့်ကျတိုက်ခိုက်ရမယ့် turn based gameplay ဖြစ်ပြီး game over ဖြစ်ရင်တော့ world map ပေါ် ပြန်ရောက်သွားမှာမို့လို့ Dungeon အတွင်း အချိန်မရွေး ပြန်လည်ဝင်ရောက်နိုင်မှာပါ။ ဒါပေမဲ့ တိုက်ခိုက်မှုပိုင်းမှာ အချိန်ယူကစားနိုင်ရင်တောင် quests တွေက အချိန်အကန့်အသတ်နဲ့မို့လို့ တစ်ပြိုင်တည်းမှာ မြန်မြန်ပြီးနိုင်အောင် ကြိုးစားရမည့် multitasking skill ကိုတော့ အပြည့်အဝ အသုံးချရမှာပါ။ Quest တွေ အများစုကတော့ customer တွေအတွက် လိုအပ်တဲ့ items တွေ ဖော်စပ်ပေးရတာဖြစ်ပြီး၊ monsters တွေ နှိမ်နှင်းရတဲ့ quest တွေ ပါဝင်သလို အချိန်အကန့်အသတ် (time limit) တွေ ပါဝင်လို့ တစ်ပြိုင်တည်း quest တစ်ခုကနေ ခြောက်ခုလောက် လက်ခံပြီးပြီဆိုရင်တော့ ဘယ်တစ်ခုကို ဦးစားပေးလုပ်ရမယ်ဆိုတာ သေချာစီစဉ် အချိန်ဇယားချရတော့မှာ ဖြစ်ပါတယ်။ အစပိုင်း ငါးနာရီနဲ့ ဆယ်နာရီလောက်မှာတော့ basic gameplay ပိုင်း သင်ရတာရယ်၊ ရန်သူတွေ အရမ်းလွယ်နေတာရယ်ကြောင့် ကစားရတာနည်းနည်းလေးနေမှာဖြစ်ပေမယ့် dungeons အတွင်းက items တွေကို အကန့်အသတ်နဲ့သာ သယ်ဆောင်နိုင်မှာဖြစ်သလို နောက်ပိုင်းမှာ နည်းဗျူဟာနဲ့ တိုက်ခိုက်ရမယ့် monsters တွေ၊ level မြင့် missions တွေ ပါဝင်ပြီဆိုရင်တော့ နောက်ပိုင်း ခရီးတစ်ခါထွက်တိုင်း ကြိုတင်စီစဉ်မှုတွေ အများကြီး လိုအပ်လာမှာပါ။

Graphics ကတော့ Cell Shading graphics ကို အသုံးပြုထားပါတယ်။ တစ်နေရာနဲ့တစ်နေရာ သွားလာတဲ့အခါမှာ လမ်းလျှောက်ပုံနှင့် ဆံပင်၊ အဝတ်တွေ လေထဲလွင့်နေပုံတွေကို အရင်ကထက် သဘာဝကျအောင် ဆွဲထားနိုင်သလို JRPG ပရိသတ်အားလုံးနီးပါးက Anime ဆန်ဆန် ဇာတ်ကောင်ဒီဇိုင်းတွေကို သဘောကျပြီးသားမို့လို အပြစ်ပြောစရာ သိပ်တွေ့မှာ မဟုတ်ပါဘူး။ နောက်ခံရှုခင်းတွေကတော့ Cell Shading ပိုင်းဖြစ်တဲ့အတွက် Western RPG အားလုံးနီးပါးလိုမျိုး သဘာဝကျတဲ့ ပုံစံအစစ်မြင်ချင်သူတွေနဲ့ သိပ်မကိုက်ပေမယ့် သာမန်မြင်နေကျအတွင်းပိုင်း dungeon တွေအပြင် ရှုခင်းလှပတဲ့အပြင်ဘက် level တွေပါ ပါဝင်တာကို တွေ့ရမှာပါ။ Background ရော character details ပိုင်းပါ အရင် Atelier ဂိမ်းတွေထက် ပိုကြည့်ကောင်းလာသလို ရန်သူပုံစံတွေကလည်း ပိုစိတ်ဝင်စားဖို့ ကောင်းတာကို တွေ့ ရမှာပါ။

Atelier Ayesha Plus: The Alchemist of Dusk ဂိမ်းသစ်ဟာ အချိန်နဲ့တစ်ပြေးညီ ကစားရတဲ့ missions တွေကို အိမ်မှာတင်မဟုတ်ဘဲ လမ်းမှာပါ ကစားနိုင်တဲ့ portable version ဖြစ်တဲ့အတွက်ကြောင့် ကစားရတာ ပိုပျော်ဖို့ကောင်းပြီး JRPG ဂိမ်းပရိသတ်တွေရော Simulation ဂိမ်းပရိသတ်တွေပါ သဘောကျမယ့် PlayStation Vita ဂိမ်းကောင်းတစ်ခုဖြစ်တာ တွေ့ ရမှာပါ။