CCNA ဘာသာရပ်တွင် အမှတ် ၁,၀၀၀ ဖြင့် အောင်မြင် ခဲ့သော မောင်ကျော်စွာအောင်၏ Student Life

Mg-Kyaw-Swar-Aung.jpg

ဒီအပတ်မှာတော့ CCNA ဘာသာရပ်ကို အမှတ် ၁,၀၀၀ နဲ့အောင်မြင်ခဲ့တဲ့ မောင်ကျော်စွာအောင်ရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ နဲ့ အောင်မြင်ခဲ့တယ်လို့ သိရတယ်။ ဒီလိုရအောင် ဘယ်လို ကြိုးစားခဲ့သလဲ။

IT နယ်ပယ်မှာ ခေတ်စားနေတဲ့ CCNA စာမေးပွဲက အောင်ဖို့လွယ်ပေမယ့် အမှတ် ၁,၀၀၀ အပြည့်ရဖို့ သိပ်မလွယ်လှပါဘူး။ CCNA အမှတ် ၁,၀၀၀ အပြည့် ရအောင် ဖြေဆိုနိုင်ဖို့အတွက် YOUTH Computer မှ ဆရာဦးဇော်လင်းနဲ့တကွ ဆရာသမားတွေရဲ့ သင်ကြားညွှန်ကြားတဲ့အတိုင်း အသေအချာ လေ့ကျင့်ခဲ့ပါတယ်။ တစ်နေ့ နာရီဝက်လောက်အချိန်ပေးပြီး သင်တန်းမှ သင်ကြားပေးလိုက်တဲ့ Theory နဲ့ Configurationတွေကို မှန်မှန်လုပ်ပြီး၊ ကျွမ်းကျင်အောင် ကြိုးစားခဲ့ပါတယ်။ သင်တန်းမှ ဆရာတွေ လမ်းညွှန်ပေးတဲ့ VCE CCNA Questions တွေကိုလည်း စေ့စပ်သေချာစွာ လေ့လာမှတ်သားခဲ့ပါတယ်။ သင်တန်းမှ ဆရာတွေရဲ့သေချာစွာ သင်ကြားပေးမှု၊ မှန် ကန်တဲ့ Guide Line နဲ့ ကျွန်တော်ရဲ့ ကြိုးစားအားထုတ်မှုတို့ ပေါင်းစပ်ပြီး အမှတ် ၁,၀၀၀ အပြည့်နဲ့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဘာသာရပ်ကို ဘာကြောင့် တက်ဖြစ်ခဲ့တာလဲ။

အရင်ကတည်းက IT Career လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ စိတ်ဝင်စားခဲ့ပါတယ်။ IT Field ထဲမှာ ဘာသာရပ်တွေအများကြီး ရှိတဲ့အထဲမှ Networking ဘာသာရပ်ကို အထူးစိတ်ဝင်စားတဲ့အတွက် လေ့လာဖြစ်ခဲ့ပါတယ်။ Networking ဘာသာရပ်မှာ Cisco နည်းပညာဟာ အထူးအရေးပါတဲ့ အတွက် CCNA ဘာသာရပ်ကို တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီဘာသာရပ်နဲ့ ဆက်နွှယ်တဲ့ နောက်ထပ်ဘာသာရပ်တွေကို ထပ်ပြီးလေ့လာဖို့ရှိသလား။

Cisco နည်းပညာရဲ့ ပထမခြေလှမ်းဖြစ်တဲ့ CCNA ဘာသာရပ်ကို အောင်မြင်ပြီးပြီ ဖြစ်တဲ့အတွက် နောက်ထပ် Level မြင့်တဲ့ ဘာသာရပ်တွေကိုလည်း ဆက်လက်လေ့လာ သွားမှာပါ။ ဆရာဦးဇော်လင်းရဲ့ တပည့်တွေကို ဆုံးမနေကျ စကားဖြစ်တဲ့ “ပညာကို ရေကန်မတူးနဲ့၊ ရေတွင်းတူးကြ” ဆိုတဲ့စကားအတိုင်း CCNA နဲ့ ဆက်နွှယ်တဲ့ ဘာသာ ရပ်တွေဖြစ်တဲ့ CCNP နဲ့ CCNA Security အစရှိတဲ့ Cisco နည်းပညာရပ်တွေကို ဆက်လက် သင်ယူသွားမှာပါ။

CCNA နဲ့ ပတ်သက်တဲ့ သင်ကြားမှုပုံစံလေးကိုလည်း ပြောပြပေးပါဦး။

မြန်မာနိုင်ငံရဲ့ပထမဦးဆုံး Cisco Learning Partner ဖြစ်တဲ့ YOUTH Computer Advanced ICT Training Center မှာ CCNA နဲ့ ပတ်သက်ပြီး အခြေခံမှစပြီး ကျေ ညက်အောင် သင်ကြားပေးပါတယ်။ Theory ပိုင်းတွေကိုလည်း နားလည်လွယ်အောင်၊ မှတ်မိလွယ်အောင်၊ စိတ်ဝင်စားအောင် သင်ကြားပေးပါတယ်။ လုပ်ငန်းခွင်ဝင်ရင် ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ လိုအပ်ချက်တွေကိုလည်း ထပ်ဆင့်သင်ကြားပေးပါတယ်။ Configuration တွေကိုလည်း Packet Tracer နဲ့ လေ့ကျင့်ခိုင်းသလို Real Cisco  Router တွေ၊ Switch တွေနဲ့လည်း Practical Lab ဖြင့် ဂရုတစိုက် လေ့ကျင့်ပေးပါတယ်။ CCNA Exam အတွက်တင်မဟုတ်ဘဲ လုပ်ငန်းခွင်မှာ အဆင်ပြေချောမွေ့အောင် လုံးဝစိတ်ချရတဲ့ သင်ကြားမှုပုံစံတွေနဲ့ သင်ကြားပေးနေတဲ့ Training Center ဖြစ်ပါတယ်။

CCNA နဲ့ ပတ်သက်ပြီး လေ့လာချင်တဲ့ ကျောင်းသားတွေအတွက် အကြုံပြုစကားလေး ပြောပေးပါ။

ယနေ့ခေတ်မှာ ရေပန်းစားနေတဲ့ Cisco နည်းပညာက လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်း ပြုနိုင်နေပါပြီ။ Cisco Certification တွေကလည်း နိုင်ငံတကာမှာ အလုပ်အကိုင် ပေါများတဲ့အတွက် CCNA ကို လေ့လာချင်တဲ့ ကျောင်းသားတွေအနေနဲ့ ကြိုးစားသင်ယူခြင်းဖြင့် မြန်မာနိုင်ငံရဲ့ နည်းပညာရှင်၊ အတတ် ပညာရှင်ဖြစ်လာဖို့ အကြံပြုအပ်ပါတယ်။

ဒီဘာသာရပ် ပြီးမြောက်တဲ့ အခါ ဘယ်လို ဘာသာရပ်တွေကို ဆက်ပြီး လေ့လာသင့်သလဲ။

Cisco နည်းပညာရဲ့ အခြေခံဖြစ်တဲ့ CCNA ပြီးမြောက်တဲ့အခါ CCNA နဲ့ မရပ်ထားဘဲ CCNP, CCIE Level ထိ ပေါက်မြောက်အောင် လေ့လာပါလို့ အကြံပြုပါတယ်။