
HP Envy TS 15 Notebook တွင် Intel 4Gen Core i7 4510U CPU နှင့် Memory 8GB ထည့်သွင်း အသုံးပြုထားသည်။ အချက်အလက် သိမ်းဆည်းရန်အတွက် 1000 GB Hard disk ပါဝင်သည်။ Feature များ စုံလင်စွာ ပါဝင်ပြီး Windows 8.1 (64bits) OS (Genuine) ကို အသုံးပြုထားသည်။ ဂရပ်ဖစ်ပိုင်းအတွက် Nvidia Geforce GT849 M (2GB) ပါဝင်သည်။ HDMI, USB 3.0 အပြင် Bluetooth 4.0 စနစ်တို့ ထောက်ပံ့ပါဝင်သည်။ မျက်နှာပြင်မှာ ၁၅.၆ လက်မကျယ်ဝန်းပြီး Touch Screen အမျိုးအစားဖြစ်သည်။ Full HD ကို ကောင်းမွန်ပြည့်ဝစွာဖြင့် ခံစားနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ကန်ဒေါ်လာ ၁,၁၇၅ ဖြစ်ပြီး အာမခံတစ်နှစ်(One Year Global Warranty) ပေးထားသည်။ Royal Smart မှ တင်သွင်းဖြန့်ချိပြီး ဈေးကွက်အတွင်းရှိ ကွန်ပျူတာအရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်သည်။