Feature အသစ်များ ပါဝင်လာသည့် Hero4 ကင်မရာကို GoPro မိတ်ဆက်

10926221_10152644907757825_7649239778248518365_n.jpg

GoPro သည် feature အသစ်များ ထည့်သွင်းထားသည့် Hero4 ကင်မရာကို CES 2015 ပြပွဲတွင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။

Hero4 တွင် အသစ်ပါဝင်လာသည့် feature များအနက် တစ်ခုမှာ time-lapse ဗွီဒီယို mode ဖြစ်ပြီး ၎င်းသည် အဆက်မပြတ် ရိုက်ကူးထားသော ဓာတ်ပုံများကို ဗွီဒီယိုအဖြစ် အသွင်ပြောင်းပေးမည့် feature ဖြစ်သည်။ အဆိုပါ mode ဖြင့်ဓာတ်ပုံရိုက်ကူးထားပြီး GoPro ၏ desktop software နှင့် ဗွီဒီယိုတစ်ခု ဖန်တီးနိုင်မည် ဖြစ်သည်။ ထို့အပြင် Hero4 တွင် အခြားဗွီဒီယို setting များလည်း ပါဝင်ပြီး HD အရည်အသွေးရှိ super-slow-motion ဗွီဒီယို ရိုက်ကူးလိုသူများအတွက် 720p resolution (240fps) နှင့် 2.7k (60fps) ရုပ်ထွက်အရည်အသွေးရှိ ဗွီဒီယိုများလည်း ရိုက်ကူးနိုင်သည်။ GoPro သည် ဗွီဒီယိုရိုက်ကူးသည့်အခါတွင် တစ်စုံတစ်ခုသော အခြေအနေကို မှတ်သားထားနိုင်ရန်အတွက် HiLight Tag feature ကိုလည်း ထည့်သွင်းပေးထားသည်။ အဆိုပါ feature ကို အသုံးပြုခြင်းဖြင့် တည်းဖြတ်သည့်အခါတွင် မှတ်သားထားသည့် နေရာကို အလွယ်တကူ သိမှတ်နိုင်မည် ဖြစ်သည်။

GoPro ၏ Hero4 ဖြင့် slower burst mode အသုံးပြု၍ ဓာတ်ပုံများရိုက်ကူးရာတွင် ၆ စက္ကန့်အတွင်း 30 frames ရိုက်ကူးနိုင်ရန် ဖန်တီးပေးထားသည်။ ထို့အပြင် GoPro သည် ၂၀၁၅ ခုနှစ်အတွင်း LG Smart တီဗွီများတွင် GoPro Channel အတွက် app တစ်ခုပါဝင်လာမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

Ref: CNET