ဝတ်ဆင်နိုင်သည့် နည်းပညာ ထုတ်ကုန် ဈေးကွက်သို့ ဝင်ရောက်လာသည့် Epson

10410591_10152644900662825_3333825711672613021_n.jpg

Printer ကုမ္ပဏီတစ်ခုဖြစ်သော Epson သည် ဝတ်ဆင်နိုင်သည့် နည်းပညာ ထုတ်ကုန်များဖြစ်သော အပြေးလေ့ကျင့်ရာတွင် ဝတ်ဆင်သည့် စမတ်နာရီများနှင့် ဂေါက်ရိုက်တံလွှဲနှုန်းကို စိစစ်ပိုင်းခြားပေးနိုင်မည့် golf-swing analyzer ထုတ်ကုန်တစ်မျိုးကို CES 2015 တွင် ပြသသွားခဲ့သည်။

Epson သည် ၎င်းထုတ်ကုန်များကို နာမည်ကျော် အားကစာသမားများ လေ့ကျင့်ပေးသူ ဂန်းနာပီတာဆင်၊ အိုလံပစ်ငွေတံဆိပ်ဆုရှင် မက်ဘ်ကီဖလတ်ဇီဘီနှင့် ဂေါက်အားကစားနည်းပြ ဒေးဗစ်လစ်ဒ်ဘက်တာတို့၏ အကူအညီဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ၎င်းထုတ်ကုန်များမှာ ပြီးခဲ့သည့်နိုဝင်ဘာလက Epson မှတရားဝင် ထုတ်ပြန်ခဲ့သော Pulsense လှုပ်ရှားမှု ခြေရာခံစက်အပြင် GPS running နာရီများနှင့် golf-swing analyzer တို့ဖြစ်သည်။ Pulsense သည် Epson မှ ပထမဦးဆုံး ထုတ်ပြန်ကြေညာခဲ့သည့် ထုတ်ကုန်တစ်မျိုးဖြစ်ပြီး ပြီးခဲ့သည့်နိုဝင်ဘာလက ကုမ္ပဏီအနေဖြင့် Pulsense P-100 နှင့် Pulsense P-500 တို့ကို မိတ်ဆက်ခဲ့သည်။

Epson သည် Pulsense P-100 စမတ်နာရီကို အမေရိကန်ဒေါ်လာ ၁၃၀ ဖြင့်ရောင်းချသွားမည် ဖြစ်သည့်အပြင် GPS running စမတ်နာရီများဖြစ်သည့် Runsense ကို ၂၀၁၅ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ကန်ဒေါ်လာ ၂၅၀ မှ ၃၅၀ အထိ အသီးသီး တင်ပို့ရောင်းချပေးသွားမည် ဖြစ်သည်။ ထို့အပြင် M-Tracer MT500GII ဟုအမည်ရသည့် Golf Swing Analyzer ကိုလည်း မတ်လတွင် ကန်ဒေါ်လာ ၃၀၀ ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Ref: CNET