၂၀၁၄ ခုနှစ်၏ လူကြိုက်အများဆုံး နည်းပညာ Gadget (၁၀) မျိုး

1. Apple iPhone 6

Apple ၏ iPhone 6 နှင့် 6 Plus သည် ၂၀၁၄ ခုနှစ်၏ လူကြိုက်အများဆုံး နည်းပညာ Gadget များတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ၄.၇ လက်မနှင့် ၅.၅ လက် အသီးသီးရှိသည့် iPhone 6 နှင့် 6 Plus တွင် ထွက်ရှိခဲ့သမျှ iPhone များအနက် အရွယ်အကြီးဆုံး ဖြစ်လာခဲ့သည်။ ဘက်ထရီကလည်း ပိုမိုကြီးမားလာသလို သိုလှောင်မှုပမာဏကလည်း 128GB အထိ ရှိလာခဲ့သည်။ ထို့အပြင် HealthKit နှင့် Apple Pay ကဲ့သို့သော iOS 8 feature သစ်များကလည်း တစ်မူထူးခြား ဆန်းသစ်လာခဲ့သည်။

2. Samsung Galaxy S5

Samsung Galaxy S5 သည် ၂၀၁၄ ခုနှစ်တွင် Yahoo ၌ ဒုတိယ ရှာဖွေမှုအများဆုံး gadget ဖြစ်လာခဲ့သည်။ သို့သော်လည်း ၎င်းထက် အရွယ်သေးငယ်ပြီး ဈေးသက်သာသည့် Samsung Galaxy Alpha ဖုန်းများက လူအများ၏ အလေးထားမှုကို ပိုမိုရရှိခဲ့သည်။ ထို့အပြင် ၂၀၁၄ ခုနှစ် တတိယသုံးလပတ်တွင် Samsung ၏ ဖုန်းရောင်းချမှုသည် Apple ထက် နှစ်ဆပိုမိုခဲ့သော်လည်း iPhone ၏ အရှိန်အဝါကို မမီခဲ့ပေ။

3. Samsung Galaxy Note 4

iPhone 6 Plus မထွက်မီ လွန်ခဲ့သော ၃ နှစ်ခန့်က Samsung Galaxy Note ထွက်ပေါ်ခဲ့သည်။ မူလထွက်ပေါ်ခဲ့သည့် ၅.၇ လက်မ phablet တွင် stylus တစ်ခု ပါဝင်လာပြီး ၎င်းသည် ဓာတ်ပုံများပေါ်တွင် မှတ်ချက်ရေးသားခြင်း၊ လက်ရေးဖြင့် မှတ်စုရေးသားခြင်းတို့ကို ပြုလုပ်စေနိုင်သည်။ Galaxy Note 4 တွင် အလွန်ကောင်းမွန်သည့် Super HD screen အပြင် ကြည်လင်ပြတ်သားသည့် ကင်မရာ၊ တာရှည်ခံသည့် ဘက်ထရီနှင့် တောင့်တင်းသည့် အလူမီနီယံဘောင်တို့ဖြင့် တပ်ဆင်အသုံးပြုထားသည်။

4. GoPro HERO

GoPro သည် ဗီဒီယို ရိုက်ကူးရာတွင် စိတ်ပါဝင်စားသူများ နှစ်သက်ကြသည့် gadget တစ်ခုဖြစ်သည်။ ဒေါ်လာ ၅၀၀ ကျသင့်မည့် နောက်ဆုံးပေါ် GoPro HERO4 Black သည် 4K ပုံရိပ်များကို 30 fps ဖြင့် ရိုက်ကူးပေးနိုင်သလို အလင်းနည်းပါးသည့် နေရာများတွင်လည်း ရိုက်ကူးနိုင်သည်။ ဒေါ်လာ ၁၃၀ တန် GoPro HERO မှာ full HD ပုံရိပ်များကို 30 fps ဖြင့် ရိုက်ကူးပေးနိုင်သည်။

5. Apple iPad mini

လူအများသည် အရွယ်ကြီးမားသည့် စမတ်ဖုန်းကို နှစ်သက်ကြသော်လည်း tablet တွင်မူ အရွယ်သေးငယ်သည့် ထုတ်ကုန်ကိုသာ နှစ်သက်ကြသည်။ Apple ၏ ၇ လက်မအရွယ် iPad mini သည် Yahoo ၏ ပဉ္စမမြောက် ရှာဖွေမှုအများဆုံး gadget အဖြစ် ရပ်တည်ခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလက မိတ်ဆက်ပေးခဲ့သည့် iPad mini 3 တွင် iPhone 5S ၌ စတင်မိတ်ဆက်ပေးခဲ့သည့် finger print scanner ကို ထည့်သွင်းပေးခဲ့သည်။ ထို့အပြင် Apple Pay မိုဘိုင်းငွေပေးချေစနစ်ကိုလည်း ထည့်သွင်းပေးခဲ့သည်။

6. Microsoft XBox One

၂၀၁၃ ခုနှစ် နိုဝင်ဘာလက ပွဲထုတ်မိတ်ဆက်ပေးခဲ့သည့် Xbox One သည် PlayStation 4 ကြောင့် ဝင်ငွေများ ကျဆင်းခဲ့သည်။ Sony သည် ပြီးခဲ့သည့် တစ်နှစ်အတွင်း ဒေါ်လာ ၄၀၀ တန် ဂိမ်းစက် အလုံး ၁၄ သန်း ရောင်းချခဲ့ရချိန်တွင် Xbox One မှာ ၁၀ သန်းခန့်သာ ရောင်းချခဲ့ရသည်။ သို့သော်လည်း Microsoft သည် ယခုအခါ တစ်ကျော့ပြန် အောင်မြင်မှု ပြန်လည်ရရှိလာဖွယ်ရှိသည်။ Xbox One သည် ဒေါ်လာ ၅၀ ဈေးလျှော့ပေးပြီးနောက် အမေရိကန် ဈေးဝယ်ရာသီတွင် PS4 ရောင်းချမှုနှုန်းထက် နှစ်ဆသာလွန်ခဲ့သည်။

7. Amazon Kindle Fire

Amazon ၏ နာမည်ကျော် ebook reader နှင့် tablet များမှာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် gadget များဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာက Amazon မှ မိတ်ဆက်ပေးခဲ့သည့် ၆ လက်မနှင့် ၇ လက်မ Fire HD များသည် iPad Mini နှင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်သလို Fire HDX သည်လည်း iPad Air နှင့် ယှဉ်ပြိုင်နိုင်သည်။ Amazon ၏ နောက်ဆုံးပေါ် ebook reader ဖြစ်သည့် Kindle Voyage သည်လည်း ယခင်ထုတ်ကုန်များထက် ပိုမိုအောင်မြင်နိုင်မည့် အလားအလာရှိနေသည်။

8. Sony PlayStation 4

အံ့အားသင့်ဖွယ် ဂရပ်ဖစ် စွမ်းဆောင်ရည်နှင့် Xbox One ထက် ဒေါ်လာ ၁၀၀ ခြင်းတို့က PlayStation 4 ကို ဂိမ်းစက်ဈေးကွက်တွင် ထိပ်ဆုံး၌ ရပ်တည်စေခဲ့ခြင်း ဖြစ်သည်။

9. Apple iPad Air

iPad Air သစ်တွင် touch ID fingerprint scanner အပြင် လျင်မြန်သည့် ပရိုဆက်ဆာ၊ အလွန်ကောင်းမွန်သည့် ကင်မရာနှင့် ယခင်ဗားရှင်းထက် အလွန်လျင်မြန်သည့် Wi-Fi တို့ ပါဝင်လာသည်။

10. Microsoft Surface Pro 3

Surface Pro 3 သည် laptop နေရာတွင် အစားထိုးနိုင်မည့် tablet ဖြစ်ကြောင်း Microsoft က တင်စားခဲ့သည်။ ဈေးနှုန်းကလည်း ၇၉၉ ဒေါ်လာမှ ၁၅၄၉ ဒေါ်လာအထိသာရှိပြီး Windows 8 desktop version ဖြင့် အသုံးပြုနိုင်သည်။ ထို့အပြင် Microsoft Office ကိုလည်း ထောက်ပံ့ပေးထားသည်။ အဆိုပါ ၁၂ လက်မအရွယ် tablet တွင် kickstand တစ်ခုပါဝင်ပြီး keyboard/cover ကိုလည်း ဒေါ်လာ ၁၂၀ မှ ၂၀၀ အထိ နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်သည်။ iPad ကဲ့သို့ အဆင်ပြေပြေ အသုံးပြုနိုင်သည့်အပြင် notebook တစ်လုံးကဲ့သို့ပါ ပြောင်းလဲအသုံးပြုနိုင်သည့်အတွက် တန်ဖိုးနှင့် ထိုက်တန်သည်ဟု ဆိုရမည် ဖြစ်သည်။