International Association of Traffic and Safety Sciences Forum

IATSS.jpg

IATSS (International Association of Traffic and Safety Sciences) သည် အာဆီယံဒေသ အတွင်း အနာဂတ်ခေါင်းဆောင်များ ဖြစ်လာမည့် လူငယ်များအတွက် အရည်အသွေးကောင်းများ လေ့ကျင့်ပေးရန် ၁၉၈၅ ခုနှစ်တွင် တည်ထောင်ခဲ့သော နိုင်ငံတကာ လေ့ကျင့်ရေးဖိုရမ်တစ်ခု ဖြစ်သည်။  နှစ်စဉ်အာဆီယံနိုင်ငံ ၉ နိုင်ငံ (ဘရူနိုင်းနိုင်ငံမှအပ) မှ လူငယ်များအား ဂျပန်နိုင်ငံသို့ ရွေးချယ်စေလွှတ်၍ ၂ လ နီးပါးခန့် ခေါင်းဆောင် အရည်အသွေးကို လေ့လာသင်ယူရမည် ဖြစ်သည်။

တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပရန် တစ်ကြိမ်လျှင် အာဆီယံနိုင်ငံ အသီးသီးမှ လူငယ် ၂ ဦးစီ၊ စုစုပေါင်း ကိုးနိုင်ငံမှ လူငယ် ၁၈ ဦး ပါဝင်မည် ဖြစ်သည်။ ၂၀၁၆ ခုနှစ် အတွက် (၅၅) ကြိမ်မြောက်နှင့် (၅၆) ကြိမ်မြောက် ဖိုရမ်များအတွက် လျှောက်ထားနိုင်သည်။ ၂၀၁၅ ခုနှစ်အတွက် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၁၅ ခုနှစ် ဇွန်လ ၁၀ ရက်အ တွင်း လျှောက်ထားရမည် ဖြစ်သည်။

ရွေးချယ်ခံရသူများသည် ဂျပန်နိုင်ငံသို့ အသွားအပြန် လက်မှတ်နှင့် နေထိုင်စရိတ်များကို ဂျပန်ဘက်မှ အကုန်အကျခံသွားမည် ဖြစ်သည်။ ဟွန်ဒါဖောင်ဒေးရှင်းမှ ပံ့ပိုးပြီး ဖြစ်သည်။ နေထိုင်စရိတ်၊ စားသောက်စရိတ်များပါ ထောက်ပံ့မှုတွင် ပါဝင်သည်။

လျှောက်ထားရန် သတ်မှတ်ချက်များမှာ အသက် ၃၅ နှစ်အောက် ဖြစ်ရမည်။ အလုပ်အကိုင်ဘက်နှင့် ပညာရေးဘက်မှ ထောက်ခံစာနှစ်စောင် ပေးပို့ရမည်။ အင်္ဂလိပ် ဘာသာဖြင့် သင်ကြားရမည်ဖြစ်သောကြောင့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ရမည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းသူ ဖြစ်ရမည်။ ပရိုဂရမ် လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားရမည်။ လျှောက်ထားချိန်တွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိရမည်။ ပရိုဂရမ်ပြီးချိန်အထိ လုပ်ငန်းခွင်မှ ခွင့်ပေးသော သူ ဖြစ်ရမည်။

IATSS Forum တွင် တက်ရောက်ခွင့်ရရှိသော လူငယ်များသည် တိုးတက်လျက်ရှိသည်။ ခေတ်သစ်ဂျပန်နိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် ယဉ်ကျေးမှုအခန်း ကဏ္ဍများကို လေ့ လာရန် နားလည်သဘောပေါက်ပြီး နောက် မိမိတို့၏ မိခင်နိုင်ငံကြီးပွား တိုးတက်ရေးအတွက် နက်ရှိုင်းသော အမြင်၊ ကျယ်ပြန့်သော ရှုထောင့်မှ ပါဝင်လှုပ်ရှားဆောင် ရွက်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

၅၅ ရက်တာ ကြာမြင့်မည့် အစီအစဉ်တွင် ဆွေးနွေးပွဲများ၊ တစ်ဦးချင်း လေ့လာမှုများ၊ အခြားလှုပ်ရှားမှုများ၊ ဂျပန်မိသားစုအိမ်များတွင် နေထိုင်ရမည့် Homestay အစီအ စဉ်များ၊ တစ်ဦးတည်း ဂျပန်နိုင်ငံသို့ လေ့လာရမည့် Individual Tour အစီအစဉ်များ၊ လက်တွေ့ ကွင်းဆင်းလေ့လာမှုများ၊ ယဉ်ကျေးမှု ဖလှယ်သည့် အစီအစဉ်များ ပါဝင်သည်။ အဆင့်မြင့်ပညာရေး အဖွဲ့အစည်းများနှင့် စီးပွားရေး နယ်ပယ်များမှ ကျွမ်းကျင် ပညာရှင်များကလည်း ပါဝင်သူများကို လာရောက်ပို့ချပေးမည် ဖြစ်သည်။

လျှောက်ထားရာတွင် IATSS Forum လျှောက်လွှာဖောင်အပြင် အက်ဆေးနှစ်ပုဒ်၊ ဓာတ်ပုံနှစ်ပုံ၊ ၄ စင်တီမီတာ × ၃ စင်တီမီတာ၊ နာမည်ကို ဓာတ်ပုံနောက်ကျေ တွင် ရေး ရန်၊ ထောက်ခံစာနှစ်စောင်နှင့် အင်္ဂလိပ်ဘာသာစကား အသိအမှတ်ပြု လက်မှတ် (မပါမဖြစ် မဟုတ်ပါ) တို့ကို ပေးပို့လျှောက်ထားရမည်။

လျှောက်ထားရာတွင် လျှောက်ထားသူ၏ နိုင်ငံအလိုက် ကိုယ်စားလှယ်ဌာနသို့ ပေးပို့ရမည်ဖြစ်သည်။ လျှောက်လွှာပုံစံကိုလည်း မြန်မာပြည်ကိုယ်စားလှယ်ကို ဆက်သွယ်၍ ရယူနိုင်သည်။ စိစစ်ရွေးချယ်ရာတွင် အဆင့် ၃ ဆင့်ရှိသည်။ ပထမအဆင့်ကို မြန်မာပြည်ကိုယ်စားလှယ်ဌာနမှ ရွေးချယ်မည်ဖြစ်ပြီး ဒုတိယအဆင့်ကို ဂျပန်နိုင်ငံကော်မတီ ရုံးမှ ရွေးချယ်မည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ဆန်ခါတင် ၁၀ ဦးအား အင်တာဗျူး ပြုလုပ်မည်ဖြစ်ပြီး ဆန်ခါတင်၁၀ ဦးထဲမှ လေးဦးရွေးချယ်မည် ဖြစ်သည်။ နှစ်ဦး သည် (၅၅) ကြိမ် မြောက်ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ပြီး နှစ်ဦးသည် (၅၆) ကြိမ်မြောက် ဖိုရမ်ကို တက်ရောက်ရမည် ဖြစ်သည်။

အသေးစိတ်စုံစမ်းနိုင်မည့် လိပ်စာ မြန်မာပြည်ကိုယ်စားလှယ်၊ ဒေါ်ပြည့်ပြည့်ပွင့်၊ UMFCCI တာဝါ၊ ခြောက်လွှာ၊ အမှတ် ၂၉၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ Email: mia@myanmar.com.mm pyaipyal.pwint@gmail.com