Tizen အသုံးပြု ထားသည့် Samsung စမတ်တီဗီများ တီဗီမှဖုန်းထံ stream လုပ်နိုင်မည်

tizentv03-1.jpg

Samsung သည် ကုမ္ပဏီ၏ Tizen OS ကိုအသုံးပြုထားသော HDTV များ၏ရှေ့ပြေး ပုံစံများကို မိတ်ဆက်ပြသ ခဲ့ပြီးနောက် လာမည့်နှစ်တွင် အဆိုပါ software ကို စမတ်တီဗီများ၌ အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။

Tizen အသုံးပြုထားသည့် စမတ်တီဗီများသည် cloud-streamed gaming အတွက် Play Station Now ကို အသုံးပြုနိုင်သည့် အပြင် တီဗီမှ အနီးအနားရှိ Samsung မိုဘိုင်း ထုတ်ကုန်များထံသို့လည်း stream လုပ်နိုင်မည် ဖြစ်သည်။ အနီးအနားရှိ ထုတ်ကုန်များကို ရှာဖွေရန်အတွက် Bluetooth LE ကို အသုံးပြုထားပြီး ချိတ်ဆက်မှုအတွက် WiFi Direct ကိုထောက်ပံ့ ပေးထားသည်။ ၎င်းသည် တီဗီကို ပိတ်ထားစဉ်တွင်ပင် အလုပ်လုပ်နိုင်သည်။

ထို့အပြင် Samsung သည် မကြာခင် လက်စ်ဗီးဂက်စ်တွင် ကျင်းပပြုလုပ်မည့် CES 2015 ပြပွဲတွင်လည်း အသစ်ပြင်ဆင်ထားသည့် Smart Hub UI အပါအဝင် platform သစ်များကို မိတ်ဆက်ပေး သွားမည်ဟု သိရသည်။

Ref: Engadget