Social Bookmarking

Social bookmarking ဆိုသည်မှာ bookmark များအတွက် အမျိုးစားခွဲနည်းစနစ်တစ်ခု ဖြစ်သည်။ Taxonomy ကို တစ်ခါတစ်ရံတွင် folksonomy ဟူ၍လည်း ခေါ်ဆိုပြီး bookmarks များကို tags ဟူ၍လည်း ရည်ညွန်းခေါ်ဆိုကြသည်။ Bookmark များကို ကွန်ပျူတာပေါ်ရှိ folder တစ်ခုတွင် သိမ်းဆည်းခြင်းနှင့် မတူသည်မှာ tagged page များကို Web ပေါ်တွင် သိမ်းဆည်းပြီး မည်သည့် ကွန်ပျူတာမှမဆို အသုံးပြုနိုင်ခြင်း ဖြစ်သည်။

Blogging site တစ်ခုဖြစ်သည့် Technorati သည် အဆိုပါ စနစ်ကို သုံးစွဲသူက အချိန်နှင့် တစ်ပြေးညီ Web ကို စနစ်တကျ စုစည်းထားနိုင်သည့် စနစ်အဖြစ် ရည်ညွန်းဖော်ပြခဲ့သည်။ Social bookmarking အဖြစ် ရည်ရွယ်ထားသည့် Flickr နှင့် del.icio.us ကဲ့သို့သော ဝက်ဘ်ဆိုက်များသည် သုံးစွဲသူများထံ အမျိုးအစား၊ မှတ်ချက်နှင့် အနှစ်သက်ဆုံး ဝက်ဘ်စာမျက်နှာများ၊ ဖိုင်များကို ဝေမျှခြင်းတို့အတွက် ထောက်ပံ့ပေးသည်။

ဂျိုရှုအာရှရက်ချာသည် bookmark များကို ခြေရာခံပြီး ဝေမျှနိုင်သည့် နည်းလမ်းအား ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့သည်။ အဆိုပါ ဝန်ဆောင်မှုသည် တိုးတက်ကြီးထွားလာချိန်တွင် ရှရက်ချာသည် Morgan Stanley မှ နှုတ်ထွက်ပြီး ၎င်း၏ အချိန်များကို ဆိုက်အပေါ်တွင်သာ မြှုပ်နှံခဲ့သည်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလတွင် အဆိုပါဆိုက်ကို Yahoo ထံ ရောင်းချခဲ့သည်။