အလိုအလျောက်မောင်းနှင်နိုင်သည့် concept ကားကို Mercedes-Benz ပြသ

10915132_10152642749807825_2670304888349841545_n.jpg

ပြီးခဲ့သည့် တနလာင်္နေ့က Mercedes-Benz သည် အလိုအလျောက်မောင်းနှင်နိုင်သည့် F015 Luxury in Motion ကားကို CES 2015 တွင် မိတ်ဆက်ခဲ့သည်။

အဆိုပါ ကားတွင် လိုက်ပါစီးနင်းသည့် ခရီးသည်များသည် ကားတွင်းမှ ပြင်ပကမ္ဘာကြီးကို အလွယ်တကူ ချိတ်ဆက်နိုင်ရန် ဖန်တီးပေးထားသည်။ Daimler AG ဥက္ကဋ္ဌနှင့် Mercedes-Benz အကြီးအကဲဖြစ်သူ ဒီတာဇတ်ခ်ျက ၎င်းယာဉ်ကို အနာဂတ်လမ်းမများပေါ်တွင် အများအပြား မြင်တွေ့ရမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ဆက်လက်ပြီး ၎င်းက နည်းပညာတွင် အာရုံစိုက်သူတိုင်းသည် အလိုအလျောက် မောင်းနှင်နိုင်သည့် ကားများက လူ့အဖွဲ့အစည်းအား ပြောင်းလဲနိုင်ပုံကို သေချာစွာ မသိရသေးကြောင်း၊ ကားများသည် သယ်ယူပို့ဆောင်နိုင်သည့် စွမ်းရည်ထက် ကျော်လွန်၍ ရွှေ့ပြောင်းနေထိုင်မှုပုံစံအထိ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

F015 ကားပုံစံသည် အရှည် ၁၇ ပေနှင့် အမြင့် ၅ ပေရှိသောကြောင့် ရှည်လျားသော ပုံသဏ္ဌာန်ရှိသည်။ F015 ကားကိုယ်ထည် ဒီဇိုင်းမှာ ရှည်လျားသော လေကာမှန်တစ်ချပ်ကို အသုံးပြု၍ ကား၏အမိုးလယ်အထိ ဖုံးအုပ်ပေး ထားသည်။ ကား၏ ၂၆ လက်မအရွယ်ရှိသော ဘီးများကလည်း ခရီးသည်များ ပိုမိုဝင်ဆံ့ရန် နေရာလွတ် တိုးချဲ့ပေးထားနိုင်ကြောင်း ဇက်ခ်ျက ပြောဆိုခဲ့သည်။

F015 ၏ အဓိက feature မှာ ခရီးသည်များက ကားအတွင်းမှ ပြင်ပကမ္ဘာသို့ ချိတ်ဆက်နိုင်ခြင်း ဖြစ်သည်။ F015 ကားတံခါးတွင် ခရီးသည်များ အသုံးပြုနိုင်ရန်အတွက် ရုပ်ထွက်အရည်အသွေးမြင့်မားသည့် touch-screen display ခြောက်ခုပါဝင်ပြီး ၎င်း display ကိုအသုံးပြုကာ အင်တာနက်သုံးခြင်း၊ မျက်စိလှုပ်ရှားမှုများဖြင့် ယာဉ်ကိုလမ်းညွှန်ခြင်း သို့မဟုတ် ကားအပြင်ဘက်သို့ ကြည့်ရှုနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။

Ref: CNET