Ads.com.mm မှတစ်ဆင့် ပစ္စည်းများ အရောင်းအဝယ် ပြုလုပ်နိုင်

မိမိ၏ အီလက်ထရောနစ် ပစ္စည်းများ၊ အိမ်များ၊ တိုက်ခန်းများ ရောင်းဝယ်လိုသူများနှင့် အလုပ်အကိုင် ရှာဖွေလိုသူများအနေဖြင့် Ads.com.mm မှတစ်ဆင့် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝက်ဘ်ဆိုက်တွင် ပစ္စည်း အမျိုးမျိုးကို ရောင်းဝယ်နိုင်မည်ဖြစ်ပြီး အရောင်းအဝယ်ကဏ္ဍ၊ အိမ်ယာကဏ္ဍ၊ အလုပ်အကိုင်ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လူမှုဆက်သွယ်ရေးကဏ္ဍဟူ၍  ကဏ္ဍငါးမျိုးဖြင့် ရှာဖွေနိုင်မည် ဖြစ်သည်။

“Ads.com.mm ဟာ မြန်မာပြည်အတွက် အဓိကရေးသားထားတဲ့အတွက် အင်္ဂလိပ်၊ မြန်မာဘာသာ စကားနှစ်မျိုးနဲ့ ကြည့်နိုင်ပါတယ်။ မိမိအိမ်မှာရောင်းလိုတဲ့ တပတ်ရစ် ပစ္စည်းများကို ပြန် လည် ရောင်းချ နိုင်သလိုပစ္စည်း အသစ်တွေကိုလဲ ရောင်းနိုင်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝက်ဘ်ဆိုက်တွင် ပစ္စည်းပေါင်း ၉၀၀၀  ကျော်၊ အလုပ်အကိုင်ပေါင်း၂၅၀  ကျော်၊ အိမ်ယာပေါင်း ၆၄၀၊ ဝန်ဆောင်မူပေါင်း ၁၇၀ ကျော်ရှိသည်ဟု သိရသည်။