Sam Card

screen322x572.jpeg

Sam Card ဆိုသည့် App သည် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြင်ပတွင် အမြဲတစေ သွားရောက်၍ အလုပ်လုပ်ကိုင်နေသူများအတွက် အသုံးဝင်မည့် iOS App တစ်ခုဖြစ်သည်။ လိပ်စာကတ်ကဲ့သို့ ကတ်ပြားများကို iPhone, iPad တို့ပေါ်မှနေ၍ Scan ပြုလုပ်ရုံဖြင့် မိမိ Contact List တွင် ထည့်သွင်းသိမ်းဆည်းပေးနိုင်မည့် App ဖြစ်သည်။

အဆိုပါ App ကို iTunes Store တွင် ယခင်က ကန်ဒေါ်လာ ၃.၉၉ ပေးသွင်းမှသာ အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး၊ ယခုအခါမှာတော့ အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ iOS Version 6.0 နှင့်အထက်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။