ကားများနှင့် စမတ်ဖုန်းများအတွက် စူပါချစ်ပ်သစ်ကို Nvidia မိတ်ဆက်

10891693_10152642512927825_3639197258489997783_n.jpg

Nvidia သည် ကား၏ dashboard တွင် Xbox One ၏ ပုံရိပ်အရည်အသွေးဖြင့် ဖော်ပြပေးနိုင်မည့် ချစ်ပ်တစ်မျိုးကို လူသုံးကုန် အီလက်ထရွန်နစ်ပြပွဲ (CES) တွင် မိတ်ဆက်ပြသခဲ့သည်။

အဆိုပါ ပြပွဲတွင် Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆွန်ဟွမ်က Tegra X1 ပရိုဆက်ဆာကို မိတ်ဆက်ပြသခဲ့ပြီး ၎င်းချစ်ပ်သည် စမတ်ဖုန်းများနှင့် ကားများအတွက် အသေးစားစက်တစ်ခုဖြစ်ကြောင်း ခိုင်းနှိုင်းပြောကြားခဲ့သည်။ Nvidia သည် ယာဉ်မောင်းသူများကို အကူအညီပေးနိုင်ရန်နှင့် ဖျော်ဖြေရေးစနစ်များအတွက် ၎င်းချစ်ပ်များကို ကားဈေးကွက်သို့ တင်ပို့ရန်ရည်ရွယ်ထားသည်။

ထို့အပြင် ဟွမ်သည် Tegra X1 အသုံးပြုထားသည့် ကားများအတွက် နည်းပညာသစ်နှစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ ကားကုမ္ပဏီများသည် Nvidia ၏ Drive PX platform ကို အသုံးပြုကာ အလိုအလျောက် မောင်းနှင်နိုင်းသည့် ကားနှင့် အနီးစပ်ဆုံးတူညီသော အဆင့်မြင့် driver-assistance စနစ်များဖြင့် အသုံးပြုနိုင်စေမည် ဖြစ်သည်။ PX system မှာ ကင်မရာများနှင့် sensor များကို အသုံးပြုကာ ကားပတ်ပတ်လည်တစ်ဝိုက်ကို ဓာတ်ပုံ ဒါဇင်ပေါင်းများစွာ ရိုက်ကူးပေးမည် ဖြစ်သည်။ ၎င်းနည်းပညာသည် ယာဉ်တိုက်မှုများကို ရှောင်လွဲစေရန်အတွက် ယာဉ်မောင်းသူများကို အကူအညီပေးနိုင်မည် ဖြစ်သည်။

ထို့အတူ ဟွမ်သည် Tegra ချစ်ပ် အသုံးပြုထားသည့် Drive CX system တစ်မျိုးကိုလည်း ပွဲထုတ်ခဲ့သည်။ မကြာမီတွင် ကားများ၌ touchscreen display များကို ပိုမိုတွေ့မြင်ရဖွယ်ရှိသောကြောင့် Nvidia အနေဖြင့် လှပသည့် ဂရပ်ဖစ်များနှင့် real-time navigation မြေပုံများကို 3D ဖြင့် ဖန်တီး ဖော်ပြပေးနိုင်မည့် နည်းပညာကို ထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း ပြောကြားသည်။

Ref: CNET