iOS 8 ကြောင့် 16GB ထုတ်ကုန်များတွင် သိုလှောင်မှု ပမာဏ နည်းပါးခဲ့သည့်အတွက် Apple တရားစွဲခံရ

ios8update.jpg

16GB iPhone နှင့် iPad ကို iOS 7 မှ iOS 8 သို့ upgrade လုပ်ပြီးနောက် သိုလှောင်မှု ပမာဏနည်း ပါးခဲ့ခြင်းအတွက် Apple ကုမ္ပဏီကို တရားစွဲဆိုမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကယ်လီဖိုးနီးယား ပြည်နယ်၊ မီယာမီတွင်နေထိုင်သည့် ပေါလ်အော်ရှန်နှင့် ခရစ္စတိုဖာအန်ဒါရာတို့သည် ၎င်းတို့၏ 16GB iPhone နှင့် iPad များတွင် iOS 8 ကို upgrade ပြုလုပ်ပြီးနောက် အသုံးပြုနိုင်သည့် သိုလှောင်မှု ပမာဏနည်းပါး ခဲ့ခြင်းအတွက် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တရားစွဲဆိုမှုတွင် Apple သည် ထုတ်ကုန်ပေါ်တွင် သိုလှောင်မှု ပမာဏ မလောက်ငှသည့်အခါ ဓာတ်ပုံကဲ့သို့သော အရာများကို iCloud ပေါ်တွင် အခကြေးငွေဖြင့် သိမ်းဆည်းရန် သုံးစွဲသူများကို တွန်းအား ပေးနေကြောင်းနှင့် Apple သည် သုံးစွဲသူများ၏ ဖိုင်များကို ရွှေ့ပြောင်းရန်အတွက် third-party storage ထုတ်ကုန်များနှင့် desktop file transfer utility များနှင့် အသုံးပြုနိုင်ရန်အထောက်အပံ့ ပေးထားခြင်း မရှိကြောင်း ထည့်သွင်းဖော်ပြ ခဲ့သည်။

၎င်းတိုင်ကြားမှုအတွက် Apple က ထင်မြင်ချက် တစ်စုံတစ်ရာ ပေးခဲ့ခြင်း မရှိပေ။ သို့သော်လည်း ၎င်းသည် 8GB iPod Nano တွင် အသုံးပြုနိုင်သည့် ပမာဏ 7.45GB သာရှိသောကြောင့် တရားစွဲဆိုခဲ့မှုထက် ပိုမိုဆိုးရွားနိုင်ဖွယ် ရှိသည်။

Microsoft သည်လည်း Sur-face တွင် သိုလှောင်မှု ပမာဏ ထက်ဝက်ခန့်သာ အသုံးပြု ခဲ့သည့်အတွက် တရားစွဲဆို ခံခဲ့ရဖူးသည်။

Ref: TheVerge