Unique Attack Modifiers

internet-journal-orb-effect.jpg

Frozen Throne DotA တုန်းက Orb Effect လို့ ခေါ်ဆိုခဲ့တဲ့ Unique Attack Modifier ဟာ Hero တစ်ကောင်ရဲ့ ပုံမှန်တိုက်ခိုက်မှုမှာ ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေ ပေါင်းစပ်ပါဝင်စေတဲ့ သက်ရောက်မှုအချို့ကို ခေါ်ပါတယ်။ ပုံမှန် Physical တိုက်ခိုက်မှုတစ်ခုကြောင့် Damage သက်ရောက်မှုအပြင် Slow, Armor Reduction အစရှိတဲ့ Buff တွေကို ဖြစ်ပေါ်စေမယ့် ခြွင်းချက်အနေနဲ့ အချို့သော Ability နဲ့ Item တွေကိုသာ Unique Attack Modifier အဖြစ် သတ်မှတ်ထားပါတယ်။ မိမိရဲ့ တိုက်ခိုက်မှုကို တိုးတက်စေတဲ့ Critical, Stun, Slow အစရှိတဲ့ Ability တိုင်းကို Unique Attack Modifier အဖြစ် သတ်မှတ်ခြင်းမဟုတ်ဘဲ ၂ ခုတွဲပြီး သက်ရောက်နိုင်စွမ်းရှိတဲ့အခါမှာ Overpower ဖြစ်သွားနိုင်တဲ့အတွက် Effect တွေကို UAM (Unique Attack Modifier) အဖြစ် သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ Dota 2 ဟာ International အဆင့်မီE-Sports တစ်ခုဖြစ်လာတဲ့အတွက် ယခင် Dota 1 တုန်းကထက် လူကြိုက် ပိုမိုများလာတာကြောင့် ကစားသမားတိုင်းကို လေ့လာရ လွယ်ကူပြီး ဆော့ကစားဖို့အဆင်ပြေတဲ့ MOBA Game တစ်ခုအဖြစ် အဆင့်မြှင့်တင်လေ့ ရှိပါတယ်။ အနီးစပ်ဆုံး ဥပမာတစ်ခုအနေနဲ့ ယခင် Damage Type ၆ မျိုးရှိခဲ့ရာမှ v6.82 ကစပြီး Damage Type ကို မှတ်သားရလွယ်ကူအောင် ၃ မျိုးတည်း အထိလျှော့ချပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Dota 1 တုန်းက ခြွင်းချက်ပေါင်းမြောက်မြားစွာ၊ Hard, Medium, Soft စတဲ့ အဆင့်ပေါင်းများစွာနဲ့ မှတ်သားရခက်ခဲခဲ့တဲ့ Orb Effect ဟာ Dota 2 အရောက်မှာတော့ လေ့လာရလွယ်ကူတဲ့ Unique Attack Modifier ဖြစ်သွားတဲ့အတွက် ကစားသမားတိုင်း အကြိုက်တွေ့စေခဲ့ပြီး ထူးခြားတဲ့ ကစားကွက်များစွာကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

Update တစ်ခုပြီးတစ်ခု ပြောင်းလဲလာခဲ့တဲ့ လက်ရှိ Dota 2 မှာတော့ Fury Swipe, Searing Arrows, Burning Spears အစရှိတဲ့ လူသိများတဲ့ Unique Attack Modifier တွေကို ဖြုတ်ချလာခဲ့တဲ့အပြင် နောက်ဆုံးထွက်ထားတဲ့ v6.83 update မှာတော့ item တစ်ခုဖြစ်တဲ့ Diffusal Blade ကို Unique Attack Modifier စာရင်းထဲကနေ ထုတ်ပယ်လိုက်တဲ့အတွက် လက်ရှိအချိန်မှာတော့ Hero Ability ၉ ခုနဲ့ Item ၉ ခုသာ Unique Attack Modifier များအဖြစ် ကျန်ရှိပါတော့တယ်။

UAM တွေအနေနဲ့ အမျိုးအစား ၃ မျိုးပြန်လည်ခွဲခြားထားပြီး Hero တစ်ကောင်ဟာ တစ်ခုထက်ပိုသော UAM ကိုသာ ပိုင်ဆိုင်ထားမယ်ဆိုရင် အားလုံးတစ်ပြိုင်နက်တည်း သက်ရောက်မှာ မဟုတ်ပါဘူး။ ဦးစားပေး အဆင့်အလိုက်သာ UAM များရရှိမှာဖြစ်တဲ့အတွက် အဆိုပါ အဆင့် ၃ ဆင့်ကို အောက်ပါအတိုင်း အစီအစဉ်ချထားပါတယ်။

ဦးစားပေး (၁) Chance UAM items
(၁) Maelstorm
(၂) Mjollnir
Unique Attack Modifier တွေဖြစ်နေပေမယ့် မိမိရဲ့ ကံကောင်းမှုပေါ်ရရှိပြီးဖြစ်ပေါ်မယ့် Chance Items များဟာ ပထမဦးစားပေး UAM တွေ ဖြစ်ပါတယ်။ Maelstorm နဲ့ Mjollnir ဟာ Dota 2 ရဲ့  နှစ်ခုတည်းသော Chance UAM item များဖြစ်ပြီး ပထမဦးစားပေးအဆင့်ရှိတဲ့အတွက် အခြား UAM တွေနဲ့ ယှဉ်တဲ့အခါမှာ ဦးစားပေးသက်ရောက်မှာ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ဥပမာအနေနဲ့ ပုံမှန် UAM items ဖြစ်တဲ့ Desolator ကို တွဲဖက်စပ်ထားပြီး အသုံးပြုမယ်ဆိုရင် Maelstorm ရော Desolator ပါ တွဲဖက်သက်ရောက်မှာ ဖြစ်ပါတယ်။ Desolator ရဲ့ Corruption effect ဟာ -7 armor ကို 15 seconds ရရှိမှာဖြစ်ပါတယ်။ သင်က Unit တစ်ခုကို Desolator ဆက်ပြီး ဆက်တိုက်တိုက်ခိုက်နေမယ်ဆိုရင် ခုတ်ချက်တစ်ချက်တိုင်းမှာ 15 seconds duration က အသစ်ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Malestorm တွဲဖက်စပ်ထားခဲ့မယ်ဆိုရင်တော့ ပုံမှန်အတိုင်း ခုတ်ချက်တိုင်းမှာ -7 armor လျော့နေမှာဖြစ်ပေမယ့် Chain Lightning ထွက်သွားတဲ့အချိန်တိုင်းမှာ Desolator duration က အသစ်ပြန်ဖြစ်မှာ မဟုတ်တဲ့ အချက်တစ်ချက်ကလွဲရင် Chain ရော Corruption ရောဝင်တာကို တွေ့ ရပါတယ်။ ဒါကြောင့် Dota 2 မှာ UAM items တွေ တွဲဖက်စပ်လို့ရခြင်း ဖြစ်ပါတယ်။

ဦးစားပေး (၂) UAM abilities
Dota 1 တုန်းကလောက် မများတော့ပေမယ့် Dota 2 မှာ သတ်မှတ်ထားဆဲ UAN abilities ၉ ခုကတော့-
(၁) Mana Break (Anti-Mage)
(၂) Incapacitating Bite (Broodmother)
(၃) Melting Strike (Invoker – Forge Spirit)
(၄) Caustic Finale (Sand King)
(၅) Frost Arrows (Drow Ranger) (Auto Cast)
(၆) Impetus (Enchantress) (Auto Cast)
(၇) Arcane Orb (Outworld Devourer) (Auto Cast)
(၈) Glaives of Wisdom (Silencer) (Auto Cast)
(၉) Poison Attack (Viper) (Auto Cast) တို့ဖြစ်ပါတယ်။ UAM
ability တွေဟာ ဒုတိယဦးစားပေးဖြစ်တဲ့အတွက် Chance UAM items များနဲ့ ယှဉ်တဲ့အခါမှာ အထက်မှာပြောခဲ့သလိုပဲ တွက်ချက်မှာ ဖြစ်ပါတယ်။ ဥပမာ Broodmother ဟာ Incapacitating Bite ကို ယူထားပြီး Mjollnir စပ်ထားမယ်ဆိုရင် Chain Lightning ထွက်တဲ့အချက်ကလွဲရင် ကျန်တဲ့ ခုတ်ချက်တိုင်းမှာ Slow မှာ ဖြစ်ပါတယ်။

ဦးစားပေး (၃) UAM items
UAM items များအနေနဲ့ အထက်မှာပြောခဲ့တဲ့ Chance UAM items  ၂ ခုကို ဖယ် လိုက်တဲ့အခါမှာ
(၁) Desolator
(၂) Eye of Skadi
(၃) Orb of Venom
(၄) Morbid Mask
(၅) Mask of Madness
(၆) Helm of the Dominator
(၇) Satanic စတဲ့ item (၇) မျိုးကျန်မှာ ဖြစ်ပါတယ်။ တတိယဦးစားပေးဖြစ်တဲ့အလျောက် အပေါ်က ဦးစားပေးနှစ်ခုမရှိတဲ့ အခြေအနေမျိုးမှသာရရှိမယ့် Unique Attack Modifier များဖြစ်ပေမယ့် Skadi နဲ့ Orb of Venom တို့ဟာ Lifesteal UAM ၄ မျိုးစလုံးနဲ့ တွဲဖက်သက်ရောက်နိုင်စွမ်းရှိတဲ့ ခြွင်းချက်တစ်ခုတော့ ရှိပါတယ်။  ဆိုလိုသည်မှာ  Skadi နဲ့ Helm of Dominator စပ်ထားတဲ့ Hero တစ်ကောင်ရဲ့ တိုက်ခိုက်မှုဟာ Slow ရော Lifesteal ပါရရှိမယ့် သဘောဖြစ်ပါတယ်။ Dota 1 တုန်းက Skadi ဟာ Melee Orb, Range Orb ဆိုပြီး မှတ်သားဖို့အတွက် ရှုပ်ထွေးခဲ့ပေမယ့် Dota 2 မှာတော့ Melee, Range ခွဲခြားခြင်းမရှိတော့တဲ့ UAM ဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့် အဆိုပါ UAM ၃ မျိုးစလုံးကို ဥပမာအနေနဲ့ စဉ်းစားကြည့်ပါမယ်။ Anti-Mage ကို Mjollnir နဲ့ Desolator စပ်ထားတယ်လို့ စဉ်းစားကြည့်ပါမယ်။ ပထမဦးစားပေးဖြစ်တဲ့ Chain Lightning ဝင်တဲ့အချက်မှာ ဒုတိယနဲ့ တတိယဖြစ်တဲ့ Mana Burn နဲ့ Corruption မဝင်ပါဘူး။ ပထမဦးစားပေး Chain Lightning မဝင်တဲ့အချက်တိုင်းမှာ ဒုတိယဦးစားပေးဖြစ်တဲ့ Mana Break ဖြစ်ပေါ်ပါမယ်။ အဆိုပါ နှစ်ခုစလုံးမဝင်မှသာ တတိယဦးစားပေး Desolator Corruption ဝင်ပါမယ်။ ဒါကြောင့် Desolator, Skadi, Mask အစရှိတဲ့ တတိယဦးစားပေး UAM Item တွေဟာ ဒုတိယဦးစားပေး Hero UAM Ability ရှိတဲ့ Anti-Mage အတွက် ဘယ်တော့မှ အသုံးမဝင်တဲ့ item တွေပဲ ဖြစ်ပါတယ်။

Auto Cast များဟာလည်း ဒုတိယဦးစားပေး UAM များဖြစ်တဲ့အလျောက် Viper ကို Eye of Skadi, Satanic, Maelstorm တို့ကို တွဲဖက်စပ်ထားပြီး Poison Attack ကိုလည်း Right Click နှိပ်ကာ လှည့်သုံး
ထားပြီဆိုပါစို့။ Chain Lightning ထွက်တဲ့အချိန်တိုင်းမှာ အခြား Poison Attack အပါအဝင် အခြား UAM တွေ လုံးဝသက်ရောက်မှာ မဟုတ်ပါဘူး။ Chain Lightning မထွက်ဘူးဆိုရင်တော့ ဒုတိယဦးစားပေး Poison Attack ဝင်မှာ ဖြစ်ပါတယ်။ Poison Attack ကို လှည့်သုံးထားမယ်ဆိုရင်တော့ Chain မထွက်တဲ့အချက်တိုင်းမှာ Poison Attack ဖြင့် တိုက်ခိုက်မှာဖြစ်တဲ့အတွက် တတိယဦးစားပေး UAM တွေ အလှည့်ကို ရောက်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် Poison Attack ကိုသာ လှည့်မသုံးထားဘူးဆိုရင်တော့ Chain မထွက်တဲ့အချက်တိုင်း Skadi နဲ့ Lifesteal effect များ တစ်ပြိုင်နက်တည်း ရရှိနေမှာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ Dota 2 မှာ Faceless Void ကဲ့သို့ Attack Speed လိုတဲ့ Carry Hero ကို Mask of Madness နဲ့ Mjollnir ကဲ့သို့သော Unique Attack Modifier items များ တွဲဖက်စပ်နိုင်ရခြင်းပဲ ဖြစ်ပါတယ်။ Desolator ကလွဲရင် ကျန်တဲ့ UAM items တွေဟာ တွဲဖက်သက်ရောက်နိုင်စွမ်းရှိတဲ့အတွက် မိမိရဲ့ Hero က UAM ability မရှိရင် စိတ်ချလက်ချ တွဲဖက်စပ်နိုင်တဲ့ Items အတွဲတွေပဲ ဖြစ်ပါတယ်။

Unique Attack Modifier တွေထဲမှာမှ Auto Cast တွေဟာ တစ်ဖက် Hero ကိုနှိမ်နိုင်မယ့်ခြွင်းချက်ရှိတဲ့ Ability များပဲ ဖြစ်ပါတယ်။ Right Click နှိပ်ကာ လှည့်ပြီးပစ်မယ်ဆိုရင်တော့ မိမိရဲ့ ပုံမှန်တိုက်ခိုက်
ချက်အတိုင်း UAM ဖြစ်ပေါ်မှာဖြစ်ပေမယ့် အဆိုပါ Auto Cast ကို တစ်ချက်ချင်းယူပြီး ပစ်မယ်ဆိုရင်တော့ Enemy Team ရဲ့ Creep Unit တွေဟာ သင့်ကို တိုက်ခိုက်မှာ မဟုတ်ပါဘူး။ ဒါဟာ လူတိုင်းသိပြီးသား Auto Cast Ability ရှိတဲ့ Hero တွေရဲ့  ပွဲအစောပိုင်း အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။

ယခင် Dota 1 တုန်းက Poison Sting (Venomancer), Entangle (Spirit Bear), Geostrike (Meepo), Germinate Attack (Weaver), Corrosive Breadth (Dragon Knight) နဲ့ Quelling Blade ကဲ့သို့ Ability/ Item တွေကို Orb Effect အဖြစ် ထည့်သွင်းခဲ့ပေမယ့် ယခုအချိန်မှာတော့ တော်ရုံ Orb များကို ပယ်ဖျက်ပေးထားကာ မှတ်သားရ လွယ်ကူပြီး တွဲဖက်သုံးနိုင်တဲ့ အခွင့်အလမ်းအများအပြားရှိတဲ့ Unique Attack Modifier အဖြစ် မြင်တွေ့ ရခြင်းပဲ ဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမှု မိမိနှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။