႐ုပ္ရွင္ကင္မရာလို ႐ုိက္ကူးႏိုင္တဲ့ Sony Xperia 1 ရဲ႕ Cinema Pro app

[ Zawgyi ]

Sony Xperia 1 စမတ္ဖုန္းမွာ Sony ရဲ႕ပေရာ္ဖက္ရွင္နယ္အဖြဲ႕ CineAlta နဲ႔ Alpha တို႔ ပူးေပါင္းဖန္တီးထားတဲ့ feature ေတြ ပါဝင္လာပါတယ္။ CineAlta ဟာ ေဟာလိဝုဒ္ ႐ုပ္ရွင္ေတြအတြက္ ကင္မရာေတြဖန္တီးတဲ့ ဌာနျဖစ္ၿပီး Alpha ကေတာ့ Sony ရဲ႕ထိပ္တန္း mirrorless ကင္မရာေတြကုိ ဖန္တီးထားတဲ့ အဖြဲ႕ျဖစ္ပါတယ္။ အဲဒီအဖြဲ႕ေတြက Cinema Pro app ကုိဖန္တီးခဲ့ပါတယ္။

Cinema Pro app အတြက္ ကင္မရာ ၃ လုံး အေထာက္အပံ့ပါဝင္ၿပီး ႐ုပ္ထြက္အရည္အေသြး ေကာင္းမြန္တဲ့ မ်က္ႏွာျပင္ ပါဝင္တာေၾကာင့္ ဖုန္းကုိ ဗီဒီယို႐ုိက္ကူးတဲ့ ထုတ္ကုန္အျဖစ္ အသြင္ေျပာင္းႏိုင္ပါတယ္။

Cinema Pro ရဲ႕ UI ကအလြန္ေကာင္းမြန္ၿပီး menu ေတြကုိ ေမႊေႏွာက္စရာမလိုဘဲ ႐ုိက္ကူးႏိုင္ပါတယ္။ Xperia 1 ရဲ႕ 21:9 မ်က္ႏွာျပင္ ႐ုပ္ပုံေတြ ႐ုိက္ကူးဖို႔ အလြန္သင့္ေတာ္ပါတယ္။

Xperia 1 ဟာ 10-bit HDR ဗီဒီယိုကုိ H.265 နဲ႔ ႐ိုက္ကူးေပးႏိုင္တာေၾကာင့္ သာမန္စမတ္ဖုန္းထက္ သာလြန္ပါတယ္။ ဖုန္းတစ္လုံးအတြက္ dynamic range က ပိုမို သာလြန္ေကာင္း မြန္ေနပါတယ္။ ကင္မရာရဲ႕ ဗီဒီယိုပုိင္းကလည္း တည္ၿငိမ္မႈရွိၿပီး သာမန္ကင္မရာ app ထက္ေကာင္းမြန္ပါတယ္။ ဖုန္းရဲ႕ မိုက္က႐ုိဖုန္းကတစ္ဆင့္ အသံဖမ္းယူရာမွာလည္း အရည္ အေသြးေကာင္းမြန္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Sony Xperia 1 စမတ်ဖုန်းမှာ Sony ရဲ့ပရော်ဖက်ရှင်နယ်အဖွဲ့ CineAlta နဲ့ Alpha တို့ပူးပေါင်းဖန်တီးထားတဲ့ feature တွေပါဝင်လာပါတယ်။ CineAlta ဟာ ဟောလိဝုဒ်ရုပ်ရှင်တွေအတွက် ကင်မရာတွေဖန်တီးတဲ့ ဌာနဖြစ်ပြီး Alpha ကတော့ Sony ရဲ့ထိပ်တန်း mirrorless ကင်မရာတွေကို ဖန်တီးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေက Cinema Pro app ကိုဖန်တီးခဲ့ပါတယ်။

Cinema Pro app အတွက် ကင်မရာ ၃ လုံး အထောက်အပံ့ပါဝင်ပြီး ရုပ်ထွက်အရည်အသွေး ကောင်းမွန်တဲ့ မျက်နှာပြင် ပါဝင်တာကြောင့် ဖုန်းကို ဗီဒီယိုရိုက်ကူးတဲ့ ထုတ်ကုန်အဖြစ် အသွင်ပြောင်းနိုင်ပါတယ်။
Cinema Pro ရဲ့ UI ကအလွန်ကောင်းမွန်ပြီး menu တွေကို မွှေနှောက်စရာမလိုဘဲ ရိုက်ကူးနိုင်ပါတယ်။ Xperia 1 ရဲ့ 21:9 မျက်နှာပြင် ရုပ်ပုံတွေ ရိုက်ကူးဖို့ အလွန်သင့်တော်ပါတယ်။

Xperia 1 ဟာ 10-bit HDR ဗီဒီယိုကို H.265 နဲ့ ရိုက်ကူးပေးနိုင်တာကြောင့် သာမန်စမတ်ဖုန်းထက် သာလွန်ပါတယ်။ ဖုန်းတစ်လုံးအတွက် dynamic range က ပိုမို သာလွန်ကောင်းမွန်နေပါတယ်။ ကင်မရာရဲ့ ဗီဒီယိုပိုင်းကလည်း တည်ငြိမ်မှုရှိပြီး သာမန်ကင်မရာ app ထက်ကောင်းမွန်ပါတယ်။ ဖုန်းရဲ့ မိုက်ကရိုဖုန်းကတစ်ဆင့် အသံဖမ်းယူရာမှာလည်း အရည်အသွေးကောင်းမွန်ပါတယ်။

Ref: GSMArena